Health

အဖျား သက်သာတာနဲ့ သန့်ရှင်းရေး လုပ်ရမယ့် အရာများ

Want create site? Find Free WordPress Themes and plugins.

အိမ်မှာ နေတဲ့ မိသားစုဝင်တွေ တယောက်ပြီး တယောက် ဆက်တိုက်နီးပါး ဖျားတာမျိုးကို ကြုံဖူးပါသလား။ အဖျားက သက်သာလိုက်၊ ပြန်ဖြစ်လိုက်ဖြစ်နေတာမျိုးဆိုရင် သန့်ရှင်းရေးလုပ်စရာတွေ လိုအပ်နေပါပြီ။ ဒါကြောင့် ဒီတခါမှာ အဖျားသက်သာပြီဆိုတာနဲ့ သန့်ရှင်းရေးလုပ်ဖို့ လိုအပ်တဲ့ အရာတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ဖုန်း

ဖုန်းဟာ ဘက်တီးရီးယားတွေ တွယ်ကပ်ဖို့ အလွယ်ဆုံးနေရာဖြစ်ပါတယ်။ ဖျားနာနေချိန်မှာ အိပ်ရာထဲနေပြီး ဖုန်းကို ကိုင်လေ့ရှိတာကြောင့် ဖုန်းမှာ ဘက်တီးရီးယားတွေ ကပ်နေတတ်ပါတယ်။ ဒါကြောင့် ဖုန်းကို သန့်ရှင်းရေးလုပ်ဖို့ လိုအပ်ပြီး မိသားစုဝင်ထဲက တယောက်ယောက် နေမကောင်းရင်လည်း အလားတူ ပြုလုပ်ဖို့ လမ်းညွှန်သင့်ပါတယ်။

(၂) အိပ်ရာ

အိပ်ရာကတော့ ဘတ်တီးရီးယား အများဆုံး နေရာပါပဲ။ ဖျားနာပြီး သက်သာသွားရင်တောင်မှ ဘက်တီးရီးယားတွေဟာ အိပ်ရာထဲမှာ ဆက်လက် ရှင်သန်နေနိုင်ပါတယ်။ ဒါကြောင့် နေကောင်းပြီဆိုတာနဲ့ အိပ်ရာခင်း၊ စောင် စတာတွေကို လဲသင့်ပြီး လျှော်တဲ့ အခါမှာလည်း ရေနွေးနဲ့ လျှော်သင့်ပါတယ်။

(၃) အိမ်မွေး တိရစ္ဆာန်များ

အိမ်မွေးတိရစ္ဆာန်တွေမှာလည်း အဖျားပိုးတွေ တွယ်ကပ်နေတတ်ပါတယ်။ သင်ဖျားရာကနေ သင်ရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို အဖျားမကူးဖို့ အတွက် သင့်ရဲ့အကောင်လေးတွေကို ရေခပ်နွေးနွေးနဲ့ ရေချိုးပေးဖို့ တိုက်တွန်းချင်ပါတယ်။ ကလေးတွေရဲ့ အရုပ်တွေကိုလည်း ရေနွေးနဲ့ လျော်ဖို့ လိုအပ်ပါတယ်။

(၄) အိမ်သာ

အိမ်သာဟာ ဒီအတိုင်းနေရင်းတောင် ဘက်တီးရီးယားတွေ ရှိနေတတ်တဲ့ နေရာမျိုးပါ။ ဒါကြောင့် အဖျားသက်သာပြီဆိုရင် အိမ်သာ၊ ရေချိုးခန်းတွေကို သန့်ရှင်းရေးလုပ်သင့်ပါတယ်။ ရေချိုးခန်းသုံးပစ္စည်းတွေဖြစ်တဲ့ သွားတိုက်တံ စတာတွေကို အသစ်လဲပြီး သုံးတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

Ref; tips-and-tricks

You may also like these stories: 

သွားတွေ ပျက်စီးရတဲ့ အဓိက အကြောင်းအရင်းများ

ဂျပန်နိုင်ငံကို ခရီးသွားတဲ့အခါ ရှောင်ကြဉ်ရမယ့်အချက်များ

သာမန်ထက် လွန်ကဲတဲ့ စိုးရိမ်စိတ်ဖြစ်ခြင်း အကြောင်းအရင်း ၃ ခု

ကမ္ဘာအရပ်ရပ်မှာ ကျင်းပနေတဲ့ တရုတ်နှစ်သစ်ကူးပွဲတော်

Did you find apk for android? You can find new Free Android Games and apps.
Loading