စိတ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ကျန်းမာရေးဟာ ဆက်စပ်နေပြီး ခန္ဓာကိုယ်ကနေ ထုတ်လွှတ်တဲ့ Dopamine, Serotonin ဟော်မုန်းတွေဟာ စိတ်ဖိစီးမှုကို သက်သာစေကာ စိတ်ပျော်ရွှင်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်က ဒီဟော်မုန်းတွေ ထုတ်လွှတ်မှု အားနည်းနေရင်တော့ စိတ်ဖိစီးမှု အပါအဝင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။
ဒီလိုခံစားရတဲ့အခါ ခန္ဓာကိုယ်ကနေ အခုဖော်ပြပေးမယ့် အခြေအနေတွေကို ပြသတတ်ပါတယ်။
(၁) အချိုတွေနဲ့ ဆီကြော်မုန့်တွေ အစားများလာခြင်း
စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့ Serotonin ဟော်မုန်းပမာဏ လျော့ကျလာတဲ့အခါ ခန္ဓာကိုယ်က အချိုနဲ့ ကစီဓာတ်များတဲ့ သရေစာတွေကို တောင်းဆိုလာပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အာလူးကြော် အပါအဝင် တခြားသော သရေစာ အစားအစာတွေကို စားလိုက်ခြင်းဟာ စိတ်သက်သာရာရတယ်လို့ ခံစားမိပေမယ့် သင့်ကျန်းမာရေးကိုတော့ ရေရှည်မှာ ထိခိုက်စေနိုင်ပါတယ်။
(၂) မကြာခဏ ခေါင်းကိုက်ခြင်း
ခန္ဓာကိုယ်တွင်းက Progesterone ဟော်မုန်းအားနည်းတဲ့အခါ မကြာခဏ ခေါင်းကိုက်တတ်ပြီး ဒါဟာဆိုရင် သင့်မှ ာစိတ်ဖိစီးမှုတွေ များနေတယ်ဆိုတာကို ပြသနေတဲ့ လက္ခဏာတခုလည်း ဖြစ်ပါတယ်။
(၃) လက်တုန်၊ခြေတုန်ဖြစ်ခြင်း
ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ အားနည်းတဲ့အခါမျိုးမှာ လက်တုန်၊ ခြေတုန် ဖြစ်တတ်ပြီး စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ Dopamine ဟော်မုန်း အားနည်းတဲ့ အခါမျိုးမှာလည်း ဖြစ်တတ်ပါတယ်။
(၄) ကိုယ်အလေးချိန် တက်လာခြင်း
Dopamine ဟော်မုန်း ထုတ်လွှတ်မှု အားနည်းလာတဲ့အခါ အစားအစာ အလွန်အကျွံ စားချင်စိတ်တွေ ဖြစ်ပေါ်လာပြီး ကိုယ်အလေးချိန်ကို မြင့်တက်လာစေတာကြောင့် ကိုယ်အလေးချိန် တက်လာခြင်းဟာလည်း စိတ်ဖိစီးမှုများပြီး စိတ်မပျော်မရွှင်ဖြစ်ရခြင်းရဲ့ လက္ခဏာတွေထဲက တခုဖြစ်ပါတယ်။
Ref. brightside.me
You May Also Like These Stories:
တဦးနဲ့တဦး ပွေ့ဖက်ခြင်းရဲ့ အံ့အားသင့်ဖွယ် ကျန်းမာရေး ကောင်းကျိုး ၅ ခု
သံဓာတ် အလုံအလောက် ဖြည့်တင်းပေးနိုင်မယ့် အစားအစာများ
ဆံပင်ချွတ်ဆေးကြောင့် ပျက်စီးသွားတဲ့ ဆံသားတွေကို ပြန်လည်ထိန်းသိမ်းနည်း
ကြောက်စရာ ကောင်းတယ်လို့ ထင်ရပေမယ့် အန္တရာယ် မရှိတဲ့ ကျန်းမာရေး လက္ခဏာများ