Health

အသက် ၁၈ နှစ် နောက်ပိုင်းမှာ အရပ်ရှည်အောင် ဘယ်လိုလုပ်မလဲ

အသက် ၁၈ နှစ် ပြည့်ပြီးသွားရင် အရပ်ရှည်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာဟာ အပြည့်အဝ မှန်ကန်တဲ့ အဆို တခုတော့ မဟုတ်ပါဘူး။ အာဟာရပညာရှင်တွေနဲ့ ဆေးပညာရှင်တွေရဲ့ လေ့လာချက်တွေအရ အသက် ၁၈ နှစ်နောက်ပိုင်းမှာလည်း မှန်ကန်တဲ့ စားသောက် နေထိုင်မှုပုံစံ ရှိမယ်ဆိုရင် အရပ် ရှည်နိုင်သေးတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့လို့ အသက် ၁၈ နှစ်နောက်ပိုင်း အရပ်ရှည်အောင် ပြုလုပ်နိုင်မယ့် နည်းလမ်းကောင်းတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(၁) သင့်တင့်မျှတတဲ့ အာဟာရဓာတ်တွေ လုံလောက်အောင် စားသုံးပါ

အရပ်ရှည်စေဖို့ အထောက်အကူဖြစ်စေတဲ့ သံဓာတ်၊ ပရိုတင်းနဲ့ ကယ်လ်ဆီယမ်ဓာတ် ပါဝင်တဲ့ အစားအစာတွေကို ရွေးချယ်ပြီး လုံလောက်အောင် စားသုံးပေးရပါမယ်။ နောက်ထပ် အရေးကြီးတာတခုကတော့ မနက်စာကို မပျက်မကွက် စားသုံးပေးရမှာပါ။ အာာဟာရ ပြည့်ဝတဲ့ မနက်စာ စားသုံးခြင်းဟာ အရိုးအဆစ်တွေကို သန်မာစေပြီး အရပ်ရှည်စေနိုင်ဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။

(၂) ရေများများ သောက်ပါ

ရေများများ သောက်သုံးပေးခြင်းဟာ ခန္ဓာကိုယ် ကြီးထွားဖွံဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် ရေများများ သောက်ပေးသင့်ပါတယ်။

(၃) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

ယောဂကျင့်တာမျိုးနဲ့ လေ့ကျင့်ခန်းတခုခု ပြုလုပ်ပေးတာမျိုးဟာ အရိုးအဆစ်တွေ ကြီးထွားဖွံ့ဖြိုးဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

(၄) ဆေးလိပ်၊ အရက် စတာတွေကို ရှောင်ကြဉ်ပါ

ဆေးလိပ်နဲ့ အရက် စတာတွေဟာ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေတဲ့ ဆဲလ်တွေ ထုတ်လွှတ်မှုကို အနှောင့်အယှက်ဖြစ်စေတာကြောင့် သတိပြု ရှောင်ကြဉ်သင့်ပါတယ်။

(၅) အိပ်ရာက နိုးတဲ့အခါ အကြောဆန့်ပါ

အိပ်ရာက နိုးတဲ့အခါ ချက်ချင်း မထသေးဘဲ အပျင်းကြောဆန့်သလို တကိုယ်လုံးကို ဆန့်ထုတ်ခြင်းက အရပ်ရှည်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

Ref. www.lybrate.com

You may also like these stories:

ပလတ်စတစ် ညှော်နံ့နဲ့ လေထုထဲက အမှုန်အမွှား အန္တရာယ်

ဒီနေ့ခေတ် လူငယ်တွေအတွက် ဆိုရှယ်မီဒီယာဟာ ကြောက်စရာကောင်းကြောင်း Selena Gomez ပြော

သဘာဝ အလှတရားတွေ ရှိနေတဲ့ ရခိုင်တောင်ပိုင်းက ဂွမြို့

ဟွာဝေးအနေဖြင့် ထောက်လှမ်းရေး မလုပ်ကြောင်း အစိုးရများနှင့် လက်မှတ်ရေးထိုးလို

Loading