ခန္ဓာကိုယ် အနံ့အသက် ကောင်းတယ်၊ မကောင်းဘူးဆိုတာဟာ တကိုယ်ရည် သန့်ရှင်းမှုနဲ့လည်း ဆိုင်သလို ကျန်းမာရေး အခြေအနေကြောင့်လည်း ခန္ဓာကိုယ် အနံ့အသက် ပြင်းထန်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ခန္ဓာကိုယ်က ထွက်ရှိတဲ့ အနံ့အသက်တွေကနေတဆင့် သိနိုင်တဲ့ သင့်ကျန်းမာရေး အခြေအနေပဲ ဖြစ်ပါတယ်။
(၁) ခံတွင်းနံ့
ခံတွင်းနံ့နံခြင်းဟာ ခံတွင်းသန့်ရှင်းရေးအ ားနည်းမှုကြောင့်လည်း ဖြစ်နိုင်သလို အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ ရှိတဲ့အခါမျိုးနဲ့ လည်ပင်းနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာ တစုံတခု ရှိတဲ့အခါမျိုးမှာလည်း ခံတွင်းနံ့ နံတတ်ပါတယ်။ ခံတွင်းထဲမှာ အမြဲလိုလို ချိုတဲ့ အရသာမျိုး ခံစားနေရပြီး သကြားလုံးနံ့လိုမျိုး အနံ့ထွက်နေရင်တော့ သွေးတွင်း သကြားဓာတ်များနေတာမျိုး ဖြစ်နိုင်တာကြောင့် ဆီးချိုရောဂါ ရှိ၊ မရှိကို စစ်ဆးသင့်ပါတယ်။
(၂) ချိုင်းချွေးနံ့
သာမန်ထက်ပိုပြီး ချိုင်းချွေးနံ့ ဆိုးရွားနေတယ်ဆိုရင်တော့ ဒါဟာ ခန္ဓာကိုယ် ရေဓာတ် နည်းပါးခြင်းကြောင့်လည်း ဖြစ်နိုင်သလို ဟော်မုန်း အပြောင်းအလဲကြောင့်လည်း ဖြစ်နိုင်ပါတယ်။
(၃) ခြေဆီနံ့
တင်းကျပ်လွန်းတဲ့ ဖိနပ်တွေ ဝတ်ဆင်တဲ့အခါ ချွေးနဲ့ ဘက်တီးရီးယားတွေကြောင့် ခြေဆီနံ့ နံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အမြဲလိုလို ခြေဆီနံ့ ထွက်နေရင်တော့ အရေပြား မှိုစွဲတာမျိုးနဲ့ ယားယံတာမျိုးတွေ ဖြစ်တတ်တာကြောင့် တကိုယ်ရည် သန့်ရှင်းရေးကို ဂရုပြုသင့်ပါတယ်။
(၄) ဆီးနံ့
ဆီးနံ့ဟာ သာမန်ထက် ပိုပြီး ဆိုးဆိုးရွားရွား အနံ့ပြင်းထန်နေရင်တော့ ကျောက်ကပ် ကျန်းမာရေး ပြဿနာ တခုခု ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ကျန်းမာရေး ဆေးစစ်မှုတွေ ပြုလုပ်သင့်သလို ရေများများ သောက်ပေးဖို့ကိုလည်း မမေ့လျော့သင့်ပါဘူး။
Ref. www.bustle.com
You may also like these stories:
စိတ်ဖိစီးမှု များပြီး စိတ်မပျော်ရွှင်ဘူးဆိုတာ ခန္ဓာကိုယ်ကနေ ဖော်ပြနေတဲ့ လက္ခဏာများ
ကိုယ်ခံအားစနစ်ကို အားနည်းလာစေနိုင်တဲ့ အလေ့အကျင့် ၅ မျိုး
ရေခဲသေတ္တာ သန့်ရှင်းသပ်ရပ်နေအောင် ပစ္စည်းတွေကို စနစ်တကျ ဘယ်လိုထားမလဲ
အိပ်တဲ့အခါ သံပရာသီးစိတ်ကို အိပ်ရာအနီး ထားပေးရုံနဲ့ ရရှိမယ့် ကျန်းမာရေး ကောင်းကျိုးများ