သတိ မေ့တတ်လွန်းတာဟာ အသက်အရွယ် အပိုင်းအခြားနဲ့ မဆိုင်သလို နမော်နမဲ့နိုင်လွန်းတယ်လို့လည်း ပြောလို့ မရပါဘူး။ နေ့စဉ် လှုပ်ရှားရုန်းကန်မှုမှာ အမြဲလိုလို ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေနဲ့ လုံလောက်တဲ့အာဟာရဓာတ်တွေ ဦးနှောက်က မရရှိတဲ့အခါ မကြာခဏ မေ့လျော့ တတ်ကြပါတယ်။ ဒါကြောင့်မို့လို့ မေ့တတ်လွန်းသူတွေ နေ့စဉ် ပုံမှန် စားသုံးပေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ငါး
၂၀၁၇ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ ငါးမှာ ပါဝင်တဲ့ Omega3 Fatty Acid ဟာ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ကောင်းမွန်စေပြီး ဦးနှောက် ဆဲလ်တွေကို ဖွံ့ဖြိုးစေတာကြောင့် မကြာခဏ မေ့လျော့တတ်သူတွေနဲ့ အာရုံစူးစိုက်မှု အားနည်းသူတွေ နေ့စဉ် စားသုံးပေးသင့်တယ်လို့ သိရပါတယ်။
(၂) ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ Antioxidant, Anthocyanin နဲ့ Caffeic Acid တို့ဟာ အာရုံကြောအချင်းချင်း ဆက်သွယ်မှုကို ပိုမိုကောင်းမွန်စေပြီး အသက်အရွယ်ကြောင့် မှတ်ဉာဏ်စွမ်းရည် ကျဆင်းလာခြင်းနဲ့ မေ့လျော့ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။
(၃) အစေ့အဆန်များ
အစေ့အဆန်တွေမှာ ဗီတာမင်အီး၊ Antioxidant နဲ့ Omega3 Fatty Acid တို့ ပါဝင်တာကြောင့် မှတ်ဉာဏ်ကို တိုးတက်စေပြီး စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ တနေ့မှာ အစေ့အဆန် လက်တဆုပ်စာခန့် စားသုံးပေးခြင်းဟာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။
(၄) ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင်စီ၊ ဗီတာမင်အေ၊ Fiber နဲ့ Flavonoid ဓာတ်တို့ဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက်လည်း သင့်တော်ပြီး ဦးနှောက်ရဲ့လုပ်ဆောင်မှုစွမ်းရည်ကို မြင့်တက်စေနိုင်တာကြောင့် မေ့တတ်လွန်းသူတွေ စားပေးသင့်တဲ့ အစားအစာ တမျိုးပဲ ဖြစ်ပါတယ်။
(၅) ကြက်ဥ
ကြက်ဥမှာပါဝင်တဲ့ Vitamin B6, B12 နဲ့ Folic Acid ဓာတ်တွေဟာ မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်စေတာကြောင့် မေ့တတ်လွန်းသူတွေ အနေနဲ့ ကြက်ဥကို နေ့စဉ် စားသုံးပေးသင့်ပါတယ်။
Ref. www.medicalnewstoday.com
You May Also Like These Stories: