သရေစာအဖြစ်သာ စားသုံးလေ့ရှိကြတဲ့ ကန်စွန်းဥကို စားသုံးတဲ့အခါ ဝိတ်တက်နိုင်တယ်လို့ လူအများက ထင်မှတ်ထားကြပေမယ့် နိုင်ငံတကာမှာတော့ ကိုယ်အလေးချိန်လျှော့ချဖို့ Diet အစားအစာတွေ စားသုံးတဲ့အခါ ကန်စွန်းဥကို မပါမဖြစ် ထည့်သွင်းစားသုံးလေ့ ရှိကြပါတယ်။ ဒါကြောင့်မို့လို့ ကန်စွန်းဥကို ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ဘာကြောင့် စားသုံးသင့်လဲဆိုတာကို ဖော်ပြပေးသွားပါမယ်။
(၁) အမျှင်ဓာတ် ကြွယ်ဝတယ်
ကန်စွန်းဥဟာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတမျိုး ဖြစ်တာကြောင့် ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေဟာ ပုံမှန်ထက်ပိုပြီး အလွန်အကျွံ စားမိခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့အပြင် အဆာခံစေတာကြောင့် မကြာခဏ ဗိုက်ဆာခြင်းကိုလည်း မဖြစ်ပေါ်စေနိုင်ပါဘူး။
(၂) ကယ်လိုရီကို လျှော့ချပေးနိုင်တယ်
ထမင်းတနပ်ကို ဟင်းတမျိုးမျိုးနဲ့ တွဲဖက်စားသုံးတဲ့အခါ ကယ်လိုရီ ၄၀၀ ကျော်လောက် တက်နိုင်ပေမယ့် ကန်စွန်းဥ အနေတော်တလုံံးကို စားသုံးလိုက်ခြင်းဟာ ကယ်လိုရီ ၁၂၀ ဝန်းကျင်ခန့်သာ ရှိပါတယ်။ ကန်စွန်းဥ စားသုံးခြင်းဟာ ကယ်လိုရီတွေကို လျှော့ချနိုင်တဲ့အပြင် ခန္ဓာကိုယ်အတွက် ကောင်းကျိုးမပေးနိုင်တဲ့ ကိုလက်စထရောနဲ့ အဆီဓာတ်တွေကိုပါ လျော့ကျစေနိုင်ပါသေးတယ်။
(၃) ကန်စွန်းဥကို ဘယ်လို စားသုံးမလဲ
ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ကန်စွန်းဥကို ဘယ်လိုစားသုံးရမလဲဆိုတဲ့ ကန်စွန်းဥ Diet နည်းလမ်းကိုပါ တဆက်တည်း ဖော်ပြပေးချင်ပါတယ်။
မနက်စာအဖြစ် ကန်စွန်းဥပြုတ် တလုံး၊ ကြက်ဥပြုတ် တလုံး၊ Green Tea လက်ဖက်ရည်ကြမ်း တခွက် ဒါမှမဟုတ် ကန်စွန်းဥပြုတ် တလုံး၊ ငှက်ပျောသီး တလုံးနဲ့ ကြက်ဥပြုတ် တလုံးကို စားပေးရမှာပါ။
နေ့လယ်စာအနေနဲ့တော့ ကန်စွန်းဥပြုတ် တလုံး၊ ကြက်သားပြုတ် (သို့မဟုတ်) ငါး ၃ အောင်စနဲ့ ဒိန်ချဉ် တခွက်၊ ဒါမှမဟုတ် ထမင်းအစား ကန်စွန်းဥပြုတ်နဲ့ ချက်ထားတဲ့ ဟင်းကို အဆီတွေ ဖယ်ပြီး စားတာမျိုးကိုလည်း ပြုလုပ်နိုင်ပါတယ်။
ညနေစာအဖြစ် ကန်စွန်းဥပြုတ်၊ အရွက်သုပ် တမျိုးမျိုးနဲ့ ကြက်ပြုတ်ရည် ဒါမှမဟုတ် ကန်စွန်းဥစွပ်ပြုတ် တမျိုးမျိုးကို စားပေးနိုင်ပါတယ်။
Ref. www.stylecraze.com
You may also like these stories:
ကန်စွန်းဥချောင်းကြော်အသစ်ကို မိတ်ဆက်လိုက်တဲ့ McDonald’s
အရက်နာကျခြင်းကို ကုစားပေးနိုင်တဲ့ ရေခဲချောင်း
တနေ့ကို စွန်ပလွံသီးခြောက် ၃ ခု စားပေးရုံနဲ့ ရရှိလာမယ့် ကျန်းမာရေးကောင်းကျိုး ၅ ခု