ပျားရည်ဟာ ကျန်းမာရေးအတွက်ရော အလှအပဆိုင်ရာအတွက်ပါ အသုံးတည့်ပြီး အကျိုးရှိတယ်ဆိုတာကို လူတိုင်း သိထားကြမှာပါ။ အခုဖော်ပြပေးမှာကတော့ ပျားရည်ကို တခြားအချိန်တွေမှာထက် အိပ်ရာ မဝင်ခင် စားသုံးပေးခြင်းအားဖြင့် ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။
(၁) သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တယ်
ပျားရည်မှာ ပါဝင်တဲ့ Antioxidant ဟာ သွေးပေါင်ချိန် ရုတ်တရက် မြင့်တက်လာခြင်းကို ကာကွယ်ပေးနိုင်တာကြောင့် ညအိပ်ရာ ဝင်ခါနီးတိုင်း ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် စားသုံးပေးခြင်းဟာ သွေးပေါင်ချိန် မြင့်တက်ခြင်းကို လျော့ကျစေနိုင်ပါတယ်။
(၂) အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတယ်
ပျားရည်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေနိုင်ပြီး မျက်နှာပေါ်က အရေးအကြောင်းတွေ အလွယ်တကူ ဖြစ်ပေါ်ခြင်းကို တားဆီးပေးနိုင်ပါတယ်။
(၃) စိတ်ဖိစီးမှုကို လျော့ကျစေနိုင်တယ်
စိတ်ပညာရှင်တွေရဲ့အဆိုအရ ပျားရည်မှာ ပါဝင်တဲ့ Polyphenol ဓာတ်ဟာ ဦးနှောက်ဆဲလ်တွေကို ဖွံ့ဖြိုးစေပြီး အာရုံကြောစနစ်ကို ကောင်းမွန်စေတာကြောင့် စိတ်ဖိစီးမှု အပါအဝင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။
(၄) ချောင်းဆိုးခြင်းနဲ့ လည်ချောင်းနာခြင်းတို့ကို သက်သာစေနိုင်တယ်
ရာသီဥတု အကူးအပြောင်းကြောင့် လည်ချောင်းနာတာနဲ့ ချောင်းဆိုးတာတွေ ဖြစ်ပေါ်တဲ့အခါ ညအိပ်ရာ ဝင်ခါနီးတိုင်း ပျားရည် ၁ ဇွန်းခန့် သောက်သုံးပေးခြင်းအားဖြင့် သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။
(၅) ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်
ပျားရည်မှာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ Antibacterial နဲ့ Antioxidant တို့ ကြွယ်ဝစွာ ပါဝင်တာကြောင့် ရာသီဥတု အကူးအပြောင်းမှာ ဖြစ်တဲ့ တုပ်ကွေးဖျားနာခြင်းနဲ့ မကြာခဏ ဖျားနာခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။
Ref. brightside.me
You May Also Like These Stories:
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေနိုင်တဲ့ အစားအစာ ၅ မျိုး
မေ့တတ်လွန်းသူတွေ နေ့စဉ် စားသုံးပေးသင့်တဲ့ အစားအစာ ၅ မျိုး
လေဖြတ်နိုင်ခြေကို လျော့ပါးစေနိုင်တဲ့ အစားအစာများ
တနေ့ကို စွန်ပလွံသီးခြောက် ၃ ခု စားပေးရုံနဲ့ ရရှိလာမယ့် ကျန်းမာရေးကောင်းကျိုး ၅ ခု