Health

တနေ့ကို ထိုင်ထ အခါ ၂၀ ပုံမှန်ပြုလုပ်ပေးရုံနဲ့ ရရှိနိုင်မယ့် ကျန်းမာရေး ကောင်းကျိုးများ

ခန္ဓာကိုယ်ကျန်းမာဖို့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေဟာ အရေးကြီးသလို ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတခုခု ပြုလုပ်ပေးဖို့ကလည်း အရေးကြီးပါတယ်။ ထိုင်ထလေ့ကျင့်ခန်းဆိုတ အင်မတန်ရိုးရှင်းသလို ဘယ်နေရာ ရောက်ရောက် လွယ်လွယ်ကူကူလည်း ပြုလုပ်နိုင်တာကြောင့် နေ့စဉ် ထိုင်ထလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးရုံနဲ့ ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကြွက်သားနဲ့ အရိုးအဆစ်တွေကို သန်မာစေတယ်

ထိုင်ထလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးခြင်းဟာ တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေနိုင်ပြီး အရိုးအဆစ်တွေကို ကျန်းမာ သန်စွမ်းစေနိုင်တာကြောင့် အသက်အရွယ် ရလာတဲ့အခါ ဖြစ်တတ်တဲ့ အရိုးပွရောဂါ၊ အရိုးပါးရောဂါနဲ့ ခြေထောက်သွေးကြောပိတ်တာမျိုးတွေကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

(၂) သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတယ်

ထိုင်ထလေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ ခန္ဓာကိုယ် သွေးလှည့်ပတ်မှုကို အထူးကောင်းမွန်စေနိုင်တဲ့အပြင် ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကိုလည်း မြင့်တက်စေနိုင်ပါတယ်။

(၃) အဆီပိုတွေကို လောင်ကျွမ်းစေနိုင်တယ်

အချိန်နေရာမရွေး ပြုလုပ်နိုင်တဲ့ ထိုင်ထလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးခြင်းဟာ ခန္ဓာကိုယ်တွင်းက ပိုလျှံနေတဲ့ အဆီပိုတွေကို လောင်ကျွမ်းစေပြီး ကြွက်သားတွေကို ကျစ်လျစ် သန်မာစေနိုင်ပါတယ်။

(၄) ခါးနာခြင်းနဲ့ ဒူးနာခြင်းတွေကို သက်သာစေနိုင်တယ်

နေ့စဉ် ထိုင်ထလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်းဟာ အရိုးအဆစ်တွေကို ပိုမိုကောင်းမွန်စေတာကြောင့် မကြာခဏ ဒူးနာတတ်သူတွေနဲ့ ခါးကိုက်၊ ခါးနာဖြစ်သူတွေ ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

(၅) လေးလံထိုင်းမှိုင်းမှုတွေကို ပြေပျောက်စေတယ်

ထိုင်ထလေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်သွေးကြောတွေကို ပွင့်စေနိုင်တာကြောင့် စိတ်ကြည်လင် လန်းဆန်းပြီး လေးလံထိုင်းမှိုင်းခြင်းတွေကို ပြေပျောက်စေနိုင်ပါတယ်။

Ref. mindbodygreen.com

You may also like these stories:

ဆီးချိုရောဂါ ဝေဒနာရှင်တွေ စားသုံးပေးသင့်တဲ့ ရွှေပဲသီးရဲ့ ကျန်းမာရေး ကောင်းကျိုးများ

ကျန်းမာရေးအတွက် အိမ်အတွင်းမှာ စိုက်ပျိုးထားသင့်တဲ့ အပင်များ

Loading