နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေ၊ သောက်သုံးနေတဲ့ အချိုရည်အပါအဝင် အရည်တွေနဲ့ ရှုရှိုက်နေရတဲ့ ပတ်ဝန်းကျင်လေထု စတာတွေမှာ ပါဝင်တဲ့ ဓာတုပိုးသတ်ဆေးတွေကြောင့် ခန္ဓာကိုယ်ဟာ အဆိပ်အတောက်တွေ ရှိနေနိုင်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်မယ့် အလွယ်ကူဆုံး နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
(၁) အိပ်ရာကနိုးနိုးချင်း ရေသောက်ပါ
အိပ်ရာကနိုးနိုးချင်း ဘာမှ မစားရသေးခင် ရေသောက်ပေးခြင်းဟာ အူလမ်းကြောင်းကို သန့်စင်ပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
(၂) သကြားလျှော့စားပါ
သကြားလို့ပြောရာမှာ သကြားမှုန့်ကိုသာမက သကြားပါဝင်မှု များတဲ့ အစားအစာတွေကိုပါ လျှော့စားရမှာ ဖြစ်ပါတယ်။ သကြားဟာ အိုမင်းရင့်ရော်မှုကို မြန်ဆန်စေတဲ့အပြင် ကိုယ်တွင်း အဆိပ်အတောက်တွေကိုပါ မြင့်တက်စေနိုင်တာကြောင့် တတ်နိုင်သလောက် သကြားကို လျှော့စားသင့်ပါတယ်။
(၃) အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ များများ စားသုံးပါ
အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ အမျှင်ဓာတ်နဲ့ အင်ဇိုင်းတို့ဟာ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ အပြင် ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး အစားအစာတွေဆီက အာဟာရဓာတ်စုပ်ယူမှုကို ပိုမိုအားကောင်းစေပါတယ်။
(၄) အိပ်ရေးဝဝ အိပ်စက်ပါ
အိပ်ရေးဝဝ အိပ်စက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေနဲ့ သွေးပေါင်ချိန် မြင့်တက်ခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် ကိုယ်တွင်းက အဆိပ်အတောက်တွေ များပြားလာခြင်းကိုပါ လျှော့ချပေးနိုင်ပါတယ်။
(၅) ဗီတာမင်စီ ပါဝင်တဲ့ အစားအစာတွေ စားသုံံးပေးပါ
အချဉ်ဓာတ် ပါဝင်တဲ့ အစားအစာတွေဟာ ဗီတာမင်စီ ပါဝင်မှုနှုန်းများပြားတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ဗီတာမင်စီဟာ ကိုယ်ခံစွမ်းအားကို မြင့်တက်စေတဲ့အပြင် ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
Ref. www.mindbodygreen.com
You May Also Like these Stories:
ကိုယ်တွင်းအဆိပ်တောက်တွေကို အချိန်တိုအတွင်း လျော့ကျစေတဲ့ အော်ဂဲနစ်အစားအစာများ
ကျန်းမာရေးနဲ့ အလှအပအတွက် Detox ဖျော်ရည် အလွယ်တကူ လုပ်သောက်မယ်
ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆီပိုတွေကို အလျင်အမြန် ဖယ်ရှားပေးနိုင်မယ့် Detox Water (၃) မျိုး
ကျန်းမာရေးအတွက် Detox Water သောက်သုံးသင့်တဲ့ အချက် ၃ ချက်
အသားအရေ ကြည်လင်ဝင်းပပြီး ဝက်ခြံပျောက်စေတဲ့ Detox Water အလွယ်တကူ ပြုလုပ်နည်း