မနက်စာ စားသုံးခြင်း မရှိသူတွေဟာ စားသောက်မှု ပုံမမှန်ခြင်း၊ သွေးတိုးခြင်းနဲ့ ကိုယ်အလေးချိန် ပြောင်းလဲခြင်းတွေ ဖြစ်လေ့ရှိတယ်လို့ အမေရိကန်နိုင်ငံက ကောလိပ်တခုမှာ ပြုလုပ်တဲ့ စာတမ်းတွေအရ သိရပါတယ်။
အသက် ၄၀ နှစ်ကနေ ၇၅ နှစ်အတွင်းမှာ ရောက်ရှိနေပြီး နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေ မရှိတဲ့ လူပေါင်း ၆ ထောင်ကျော်ကို သုသေသန ပြုလုပ်တဲ့အချိန်မှာ သူတို့ဟာ မနက်စာကို ဘယ်တော့မှ အလွတ်မခံဘူးလို့ သိရပါတယ်။
Lowa တက္ကသိုလ်ရဲ့ ပါမောက္ခဖြစ်သူ Dr. Wei Bao က “မနက်စာ ပုံမှန် မစားသူတွေရဲ့ ၈၇ ရာခိုင်နှုန်းဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများတယ်။ သေဆုံးနိုင်ခြေလည်း ပိုမြင့်ပါတယ်။ မနက်စာ မစားခြင်းကြောင့် သွေးတိုးတာ၊ အစားစားတဲ့ ပုံစံတွေ ပျက်တာ စတာတွေ ဖြစ်နိုင်ပြီး အစားစားချင်စိတ် မရှိတာနဲ့ ကိုယ်အလေးချိန် ကျဆင်းတာတွေကိုပါ ဖြစ်စေနိုင်ပါတယ်”လို့ ဆိုပါတယ်။
နှလုံးရောဂါဟာ ကမ္ဘာမှာ အဖြစ်အများဆုံးရောဂါဖြစ်ပြီး သေဆုံးသူဦးရေလည်း အရမ်းများတဲ့ ရောဂါတမျိုးပါ။ မနက်စာကို မှန်မှန်မစားသူတွေ အနေနဲ့ နှလုံးရောဂါ ဖြစ်ပွားဖို့ အခွင့်အလမ်း ပိုများနေပြီး သေဆုံးနိုင်ခြေလည်း ၂ ဆ ရှိတယ်လို့ သိရပါတယ်။
၂၀၁၆ ခုနှစ်အတွင်းမှာ နှလုံးရောဂါကြောင့် သေဆုံးသူ ၁၅ မီလီယံ ရှိနေပြီး ဒါဟာ ၂၀၀၀ ပြည့်နှစ်ကထက် ၁၂ မီလီယံ များလာတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ နှလုံးရောဂါကြောင့် သေဆုံးမှုက အမျိုးသားတွေ ထက်ပိုပြီး များတယ်လို့ သိရပါတယ်။
Ref; thesun.co.uk
You may also like these stories:
မနက်ခင်းမှာ ကော်ဖီထက် သင့်ကို ပိုမိုလန်းဆန်းစေနိုင်မယ့် အမူအကျင့် ၅ မျိုး
ကြက်ဥကို မနက်စာအဖြစ် ရွေးချယ်သင့်တဲ့ အကြောင်းရင်း
နှလုံးရောဂါ ဖြစ်နိုင်ခြေ များစေတဲ့ အစားအစာ ၇ မျိုး
မှတ်ဉာဏ်ကောင်းပြီး ဝိတ်ကျချင်တယ်ဆိုရင် မနက်စာကို ချောကလက်ကိတ်စားပါ