အစားမှားတာ၊ အစာမကြေဖြစ်တာမျိုးတွေကြောင့် ဝမ်းဗိုက်အောင့်တာနဲ့ နာကျင်တာတွေကို တခါတရံမှာ ခံစားရတတ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ဝမ်းဗိုက်တဝိုက်မှာ တနေရာတည်းကပဲ ဆိုးဆိုးရွားရွား နာကျင်တာမျိုးကို မကြာခဏ ခံစားနေရရင်တော့ မပေါ့ဆသင့်ဘဲ ဆေးကုသမှု ခံယူသင့်ပါတယ်။
အခုဖော်ပြပေးမှာကတော့ ဝမ်းဗိုက်တဝိုက် နာကျင်မှုနေရာတွေပေါ် မူတည်ပြီး သိနိုင်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။
(၁) ဝမ်းဗိုက်အပေါ်ဘက် ရင်ဘတ်အောက်နား တည့်တည့်မှာ နာကျင်နေမယ်၊ ရင်ပူရင်ဆာ ဖြစ်နေမယ်ဆိုရင်တော့ ဒါဟာ အစာခြေအက်ဆစ်ရည် ပြန်စီးခြင်းကြောင့် ဖြစ်ပါတယ်။ ဒီလိုဖြစ်ပေါ်တတ်သူတွေအနေနဲ့ ထမင်းစားပြီးပြီးချင်း ခွေခေါက်နေတာ၊ ဆေးလိပ်သောက်တာနဲ့ တကြိမ်တည်းနဲ့ ထမင်းကို အဝစားတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
(၂) ဝမ်းဗိုက်အောက်ဘက် ချက်နားတည့်တည့်လောက်မှာ နာကျင်မှုတွေ ဖြစ်ပေါ်နေရင်တော့ ဒါဟာ မသန့်တဲ့ အစားအစာတွေကို စားမိခြင်းကြောင့် ဖြစ်နိုင်သလို ဒီလိုမှမဟုတ်ဘဲ မကြာခဏဆိုသလို နာကျင်နေရင်တော့ အစာခြေစနစ်မှာ ပြဿနာတခုခု ရှိနေတာပဲ ဖြစ်ပါတယ်။
(၃) ဝမ်းဗိုက်အပေါ်ပိုင်း ချက်အပေါ်တည့်တည့်မှာ မခံမရပ်နိုင်အောင်နာကျင်နေပြီး အစာစားပြီးတဲ့အခါ ပိုပြီးနာကျင်နေတယ်ဆိုရင်တော့ အစာအိမ်အနာဖြစ်ခြင်းကြောင့် ဖြစ်နိုင်သလို မကြာခဏ အကိုက်အခဲ ပျောက်ဆေးတွေ သောက်တတ်ခြင်းနဲ့၊ အရက်၊ဘီယာ အလွန်အကျွံသောက်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။
(၄) ဝမ်းဗိုက်အလယ်တည့်တည့်ကနေ အောင့်တာနဲ့ နာကျင်တာမျိုးတွေကတော့ အစာမကြေတာကြောင့် ဖြစ်နိုင်သလို အစာမသန့်တာမျိုးတွေ စားမိတဲ့အခါမျိုးမှာလည်း ဖြစ်နိုင်ပါတယ်။
(၅) ဝမ်းဗိုက်ညာဘက်ဘေး အောက်နားမှာ နာကျင်နေရင်တော့ အူအတက်ရောင်တာမျိုး ဖြစ်နိုင်ပြီး ဆိုးဆိုးရွားရွား မခံမရပ်နိုင်အောင် နာကျင်နေရင်တော့ အူအတက်ပေါက်တာမျိုးအထိ ဖြစ်နိုင်တာကြောင့် ဆေးကုသမှု ခံယူသင့်ပါတယ်။
Ref. brightside.me
You may also like these stories:
သင့်ရဲ့လျှာကနေတဆင့် သိနိုင်မယ့် သင့်ကျန်းမာရေး အခြေအနေ
စိတ်ဖိစီးမှု များပြီး စိတ်မပျော်ရွှင်ဘူးဆိုတာ ခန္ဓာကိုယ်ကနေ ဖော်ပြနေတဲ့ လက္ခဏာများ
ခန္ဓာကိုယ် အနံ့အသက်ကနေတဆင့် သိနိုင်တဲ့ သင့်ကျန်းမာရေး အခြေအနေ
အချိန်တိုင်းလိုလို အပေါ့သွားချင်နေတယ်ဆိုရင်