ငရုတ်သီးခြောက်၊ မြေပဲ၊ ပြောင်းဖူးနဲ့ အစေ့အဆန်တွေမှာ အများဆုံး တွေ့ရတတ်တဲ့ Aflatoxin မှိုဟာ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တဲ့အပြင် ကင်ဆာရောဂါ အထိပါ ဖြစ်ပွားစေနိုင်ပါတယ်။ တကမ္ဘာလုံး အတိုင်းအတာနဲ့ သုတေသန စစ်တမ်း ကောက်ယူချက်တွေအရ အသည်းကင်ဆာ ဖြစ်ပွားမှုရဲ့ ၂၈ ရာခိုင်နှုန်းလောက်ဟာ ကောက်ပဲသီးနှံတွေမှာ ပါဝင်တဲ့ Aflatoxin မှိုအဆိပ်ကြောင့် ဖြစ်ရတာလို့ သိရပါတယ်။
Michigan တက္ကသိုလ်ကသုတေသီတွေရဲ့ လေ့လာပြောကြားချက်အရ အသည်းကင်ဆာရောဂါ ဖြစ်ပွားမှုပေါင်း ၁၅,၅၀၀၀ ခန့်ဟာ ပြောင်း၊ မြေပဲနဲ့ ငရုတ်သီးခြောက် စတာတို့မှာ ပါဝင်တဲ့ Aflatoxin မှိုကြောင့် ဖြစ်ပွားရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ Aflatoxin မှိုအဆိပ်ကြောင့် အသည်းကင်ဆာဖြစ်ပွားမှု အများဆုံးနိုင်ငံတွေကတော့ အရှေ့တောင်အာရှနိုင်ငံတွေ၊ အာဖရိကနိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့ ဖြစ်တယ်လို့ လေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။
ပြောင်းဖူး၊ မြေပဲ၊ ငရုတ်သီးခြောက်၊ ပဲအမျိုးမျိုးနဲ့ ဆန်၊ ဂျုံ စတာတွေမှာ Aflatoxin မှိုကို အတွေ့များရပြီး ပူနွေး စိုစွတ်တဲ့ အရပ်ဒေသတွေမှာ ကောက်ပဲသီးနှံ ရိတ်သီးပြီး သိုလှောင်ချိန်မှာတော့ ပိုမိုပေါက်ပွားလေ့ ရှိပါတယ်။
ဒီ Aflatoxin မှိုအဆိပ်ကြောင့် အစာအဆိပ်သင့်ခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ အသည်းကင်ဆာဖြစ်ပွားခြင်း၊ အသည်းပျက်စီးခြင်းနဲ့ တခြားသော ကင်ဆာရောဂါတွေကိုပါ ဖြစ်ပွားစေနိုင်တယ်လို့ သုတေသန ပြုလုပ်မှုတွေအရ သိရပါတယ်။
ကြာရှည်စွာ သိုလှောင်ထားတဲ့ ငရုတ်သီးခြောက်၊ မြေပဲနဲ့ ပြောင်းတို့မှာ ဒီမှိုအဆိပ်တွေကို အများအပြား တွေ့ရတတ်တာကြောင့် ကြာရှည်စွာ သိုလှောင်ပြီး မစားသုံးသင့်ပါဘူး။ နိုင်ငံတကာမှာတော့ Aflatoxin မှိုအဆိပ်ကို ကာကွယ်နိုင်ဖို့ ကောက်ပဲသီးနှံံ ရိတ်သိမ်းပြီး သိုလှောင်ချိန်တွေမှာ နည်းပညာကို အသုံးပြုကာ ကာကွယ် လုပ်ဆောင်နေပြီး ဒီမှိုအဆိပ်ရဲ့ ကျန်းမာရေးအပေါ် ဆိုးဆိုးရွားရွား သက်ရောက်နိုင်ပုံတွေကို အသိပညာပေး လုပ်ဆောင်နေပါတယ်။
Ref. www.futurity.org
You may also like these stories:
နေ့တိုင်းဝတ်ရင် ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်တဲ့ အဝတ်အစားများ
ကြောက်စရာ ကောင်းတယ်လို့ ထင်ရပေမယ့် အန္တရာယ် မရှိတဲ့ ကျန်းမာရေး လက္ခဏာများ
အိပ်တဲ့အခါ သံပရာသီးစိတ်ကို အိပ်ရာအနီး ထားပေးရုံနဲ့ ရရှိမယ့် ကျန်းမာရေး ကောင်းကျိုးများ
ဟင်းသီးဟင်းရွက်တွေကို ဓာတုပိုးသတ်ဆေး ကင်းစင်အောင် ဆေးကြောနိုင်မယ့် နည်းလမ်းများ
တွဲဖက် စားသုံးခြင်းအားဖြင့် ကျန်းမာရေးကောင်းကျိုးများစွာ ရရှိနိုင်တဲ့ အစားအစာများ
ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မယ့် နည်းလမ်းများ