ခါးသက်သက် အရသာရှိတဲ့ တမာရွက်ဟာ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိတယ်ဆိုတာ လူတိုင်း သိထားပြီးသား ဖြစ်မှာပါ။ အိန္ဒိယနိုင်ငံမှာတော့ တမာရွက်ကို ကျန်းမာရေးအတွက် တိုင်းရင်းဆေးဝါးတွေမှာ ထည့်သွင်း အသုံးပြုရုံသာမက အလှအပနဲ့ အရေပြား ကျန်းမာရေးအတွက်ပါ အသုံးပြုကြပါတယ်။ အခုဖော်ပြပေးမှာကတော့ အရေပြား ကျန်းမာရေး ပြဿနာများအတွက် တမာရွက်ရဲ့ အသုံးဝင်ပုံတွေပဲ ဖြစ်ပါတယ်။
(၁) အရေပြား ယားယံခြင်းကို သက်သာစေနိုင်တယ်
တမာရွက်မှာ ပါဝင်တဲ့ Nibidin နဲ့ Nimbin ဓာတ်တို့ဟာ အရေပြား နီမြန်းယားယံခြင်းကို သက်သာစေနိုင်ပြီး အရေပြားယားယံခြင်းကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။
(၂) ဝက်ခြံတွေကို ပျောက်ကင်းစေနိုင်တယ်
တမာရွက်ဟာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ Antibacterial အစွမ်းရှိတာကြောင့် ဝက်ခြံတွေပေါ် တမာရွက် သတ္တုရည်ကို လိမ်းကျံပေးပြီး မိနစ် အနည်းငယ်ကြာတဲ့အခါ ရေနဲ့ ပြန်လည် ဆေးကြောပေးခြင်းအားဖြင့် ဝက်ခြံတွေကို သက်သာ ပျောက်ကင်းစေနိုင်ပြီး ထပ်မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
(၃) မျက်ကွင်းညိုခြင်းကို သက်သာစေနိုင်တယ်
တမာရွက်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ မျက်ကွင်းညိုခြင်းကို သက်သာစေနိုင်တဲ့အပြင် မျက်လုံးအောက်က အရေးအကြောင်းတွေနဲ့ မျက်အိတ်ဖောင်းခြင်းကိုပါ သက်သာစေနိုင်ပါတယ်။
(၄) အရေးအကြောင်းတွေကို ကာကွယ်ပေးနိုင်တယ်
တမာရွက်မှာ ပါဝင်တဲ့ ဗီတာမင်စီနဲ့ Antioxidant ဓာတ်တို့ဟာ အရေးအကြောင်းတွေကို လျော့ကျစေပြီး အသားအရေကို တင်းရင်းစေတဲ့ Collagen ဓာတ်ထုတ်လွှတ်မှုကို မြင့်တက်စေတာကြောင့် အရေးအကြောင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။
(၅) အသားအရေကို စိုပြည်ကြည်လင်စေတယ်
တမာရွက်မှာ ပါဝင်တဲ့ ဗီတာမင်အီးနဲ့ Fatty Acid တို့ဟာ အသားအရေကို ရေဓာတ် ဖြည့်တင်းပေးပြီး စိုပြည် ကြည်လင်စေနိုင်ပါတယ်။
Ref. www.herbaldynamicsbeauty.com
You may also like these stories:
တခြားသူတွေထက် ခန္ဓာကိုယ် အသားအရေ ပိုပူနေရခြင်း အကြောင်းရင်း ၅ ချက်
စပါးလင်ရဲ့ ကျန်းမာရေး ကောင်းကျိုးများ
ရေပြားအထူးကုတွေ အကြံပြုထားတဲ့ အသားရေပျက်စီးစေမယ့် အစားအစာများ
“ဆေးပေါင်းခတဲ့ မဲဇလီဖူး” ကျန်းမာရေးကို ဘယ်လို အကျိုးပြုသလဲ