Health

အိမ်တွင်း အလွယ်တကူ ရနိုင်တဲ့ ပစ္စည်းတွေနဲ့ အကိုက်အခဲ ပျောက်စေမယ့် နည်းလမ်းများ 

အကိုက်အခဲ ပျောက်ဆေးတွေကို မကြာခဏ သောက်တာဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အိမ်အတွင်းမှာ အလွယ်တကူ ရနိုင်တဲ့ ပစ္စည်းတွေနဲ့ အကိုက်အခဲ ပျောက်စေနိုင်မယ့်အရာတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) နနွင်း

နနွင်းဟာ ဆဲလ် ပျက်စီးတာကို တားဆီးပေးပြီး ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ ဒါကြောင့် ဟင်းတွေ ချက်ပြုတ်တဲ့အခါ နနွင်းကို ထည့်ချက်သင့်ပြီး ရေနွေးနဲ့လည်း သောက်နိုင်ပါတယ်။ မိန်းကလေးတွေ ဓမ္မတာလာချိန်မှာ ဖြစ်တဲ့ အကိုက်အခဲတွေကို နနွင်းက သက်သာစေနိုင်ပါတယ်။

(၂) ဆား

ဆားဟာလည်း အကိုက်အခဲကို သက်သာစေတဲ့ အိမ်တွင်း ဆေးဝါးတခုဖြစ်ပါတယ်။ ဆားထည့်ထားတဲ့ ရေနွေးထဲမှာ စိမ်ခြင်းအားဖြင်း ကျောရိုးနဲ့ အခြား အရိုးအဆစ် ကိုက်ခဲခြင်းကို သက်သာစေပါတယ်။

(၃) အရိုးဟင်းရည်

ကြက်ရိုး၊ ဝက်ရိုး၊ အမဲရိုး စတာတွေကို ထည့်ပြီး ပြုတ်ထားတဲ့ ဟင်းရည်တွေဟာလည်း အရိုးအဆစ်ကိုက်ခဲခြင်းကို သက်သာစေပါတယ်။ အရိုးမှာ ပါဝင်တဲ့ ဂျယ်လီလို စေးပျစ်ပျစ်ဖြစ်နေတဲ့ Gelatin ဟာ အရိုးကို သန်စွမ်းစေပါတယ်။

(၄) ရေခဲ

ရေခဲဟာ နာကျင်ခြင်းကို သက်သာစေပါတယ်။ ရေခဲဟာ ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ ရေခဲတုံးကို နာကျင်ကိုက်ခဲနေတဲ့ နေရာမှာ မိနစ် ၃၀ လောက် ထားပါ။ ပြီးရင် ပုံမှန် အပူချိန်ရှိတဲ့ အခန်းထဲကို ပြန်ဝင်ပါ။ ရေခဲဟာ ရောင်ရမ်းမှုကို သက်သာသွားစေပြီး အပူချိန်ကြောင့် ကြွက်သားတောင့်တင်းခြင်းကို သက်သာစေပါတယ်။

Ref. rd.com

You may also like these stories:

အရိုးအဆစ် ကိုက်ခဲခြင်းကို သက်သာစေမယ့် အရည်များ

ခံတွင်းအနံ့ဆိုးတွေကို ၅ မိနစ်အတွင်း ပျောက်ကင်းစေတဲ့ နည်းလမ်းကောင်းများ

ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းအတွက် လွယ်ကူရိုးရှင်းတဲ့ သဘာဝနည်းလမ်းများ

အရေပြား ဓာတ်မတည့်မှုနဲ့ အိမ်တွင်းကုထုံး

Loading