ဒေါသထွက် ပေါက်ကွဲလွယ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတခု အနေနဲ့တင် မဟုတ်ဘဲ ခန္ဓာကိုယ် အလေးချိန်ကိုလည်း သက်ရောက်စေနိုင်တယ်လို့ လေ့လာသူတွေက အတည်ပြုလိုက်ပါပြီ။
ဒေါသထွက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ အပြုအမူတခုလို့ ထင်မြင်ရပေမယ့် ခန္ဓာကိုယ် ကျန်းမာရေးနဲ့ ဆက်စပ်နေပါတယ်။ ဒေါသထွက်တဲ့အခါ Adrenaline ဆိုတဲ့ ဟော်မုန်းတမျိုး ထွက်ရှိလာပြီး ဒီဟော်မုန်းဟာ အရာဝတ္တုပစ္စည်းတွေကို ပေါက်ခွဲပစ်ချင်စိတ်နဲ့ အကြမ်းဖက်လို စိတ်တွေကို ပိုမိုမြင့်တက်စေပါတယ်။
Adrenaline ဟော်မုန်း ထွက်ရှိနေချိန်မှာတော့ အရာရာကို ပေါက်ခွဲ ရိုက်နှက်ချင်စိတ်တွေ ဖြစ်ပေါ်နေပေမယ့် Adrenaline ဟော်မုန်းထွက်ရှိမှု လျော့နည်းသွားပြီး ဒေါသအနည်းငယ် ပြေလျော့လာချိန်မှာတော့ ဒေါသထွက်နေချိန် ကုန်ဆုံးသွားတဲ့ အားအင်တွေအတွက် အစားစားချင်စိတ်တွေ ပုံမှန်ထက် ပိုများပြားလာနေတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ဗိုက်အမြန် ပြည့်စေမယ့် အစားအစာမှန်သမျှကို မဆင်မခြင် စားသုံးမိတတ်ခြင်းက ကိုယ်အလေးချိန်ကို မြင့်တက်စေပါတယ်။
Adrenaline ဟော်မုန်းဟာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှု Level ကိုလည်း မြင့်တက်စေနိုင်ပါသေးတယ်။ စိတ်ဖိစီးမှုနဲ စိုးရိမ်ပူပန်မှုတွေ များလာတဲ့အခါ ကိုယ်အလေးချိန်ကို မြင့်တက်စေနိုင်ပြီး သွေးပေါင်ချိန်ကိုပါ တက်စေနိုင်တဲ့ Cortisol ဟော်မုန်းပမာဏ ခန္ဓာကိုယ်မှာ များပြားလာစေပါတယ်။
ခန္ဓာကိုယ်တွင်းမှာ Cortisol ဟော်မုန်းပမာဏ များပြားလာခြင်းဟာ အစားစားချင်စိတ်ကို အလွန်အကျွံ မြင့်တက်စေနိုင်ပြီး သွေးတွင်း သကြားဓာတ်ကို များပြားလာစေနိုင်တာကြောင့် ကိုယ်အလေးချိန်ကို မြင့်တက်စေနိုင်ပါတယ်။
ဒေါသထွက် ပေါက်ကွဲလွယ်ခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေနိုင်သလို ကိုယ်အလေးချိန်ကိုလည်း မြင့်တက်စေပါတယ်။ ဒါကြောင့်မို့လို့ ဒေါသထွက်ပေါက်ကွဲခြင်းကို ထိန်းချုပ်နိုင်ဖို့ အသက်ရှုလေ့ကျင့်ခန်း ပြုလုပ်တာ၊ လမ်းလျှောက်လေ့ကျင့်ခန်း ပြုလုပ်တာမျိုးနဲ့ ခရီးထွက်တာမျိုးတွေကို ပြုလုပ်ပေးသင့်တယ်လို့ လေ့လာသူတွေက အကြံပြုထားပါတယ်။
Ref. brightside.me
You may also like these stories:
ဝိတ်တက်စေနိုင်တယ်လို့ အထင်မှားနေကြတဲ့ အစားအစာများ
စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ နေ့စဉ်ပြုလုပ်နေကျ အပြုအမူများ
စိတ်ဖိစီးမှု များပြီး စိတ်မပျော်ရွှင်ဘူးဆိုတာ ခန္ဓာကိုယ်ကနေ ဖော်ပြနေတဲ့ လက္ခဏာများ
စိတ်ဖိစီးမှု များနေပြီ ဆိုတာပြတဲ့ ရောဂါလက္ခဏာတွေ