“တန်ဆေးလွန်ဘေး” ဆိုတာ နေရာတိုင်းမှာ ရှိပါတယ်။ အရက်၊ ဘီယာ စတာတွေကို သောက်တဲ့အခါ ဆေးဖြစ်ဝါးဖြစ် သောက်ရင် ခန္ဓာကိုယ် ကျန်းမာရေးအတွက် ရရှိနိုင်မယ့် ကျန်းမာရေး ကောင်းကျိုးတွေ ရှိနေပါတယ်။ ဒါကြောင့်မို့လို့ ဘီယာသောက်ခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေး ကောင်းကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) နှလုံးအားကောင်းခြင်း
Cambridge တက္ကသိုလ်က ပြုလုပ်တဲ့ သုသေသနတွေအရ ဘီယာကို တော်တန်ရုံ သောက်သုံးသူတွေဟာ နှလုံးကြောင့် ဖြစ်ပွားတဲ့ရောဂါတွေ ဖြစ်နိုင်ခြေ နည်းတယ်လို့ ဆိုပါတယ်။ အင်္ဂလန်နိုင်ငံမှာ စစ်တမ်းကောက်တဲ့အခါ ဘီယာ လုံးဝ မသောက်သုံးသူတွေဟာ နှလုံးအမောဖောက်ခြင်းကြောင့် ဆေးရုံကို လာရောက်မှု ပိုများတယ်လို့ သိရပါတယ်။
(၂) အဆစ်ရောင်ရမ်းခြင်းကို သက်သာစေခြင်း
ဘီယာ အပါအဝင် အခြား အရက်တွေဟာ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ဓာတ် ပါရှိပါတယ်။ ရက်သတ္တပတ် တပတ်မှာ ၂ ကြိမ်ကနေ ၄ ကြိမ် အထိ ဘီယာမှန်မှန် သောက်သုံးတဲ့ အမျိုးသမီးတွေဟာ ဘီယာ လုံးဝမသောက်တဲ့ အမျိုးသမီးတွေထက် အဆစ်အမြစ်နဲ့ သက်ဆိုင်တဲ့ရောဂါ ဖြစ်ပွားနိုင်ခြေ ၃၁ ရာခိုင်နှုန်းလျော့နည်းပါတယ်။
(၃) ကျောက်ကပ် ကောင်းမွန်စေခြင်း
ကျောက်ကပ်မှာ ကျောက်တည်ခြင်းဟာ ရေဓာတ် လုံလောက်စွာ မရတာ ဒါမှမဟုတ် စားသောက်ပုံ မမှန်တာတွေကြောင့် ဖြစ်ပါတယ်။ တနေ့ကို ဘီယာ တခွက် မှန်မှန်သောက်မယ်ဆိုရင် ကျောက်ကပ်မှာ ကျောက်တည်ခြင်းကို ၄၁ ရာခိုင်နှုန်းအထိ လျော့ချေပေးနိုင်တယ်လို့ သုသေသနတွေ အရ သိရပါတယ်။
(၄) ဦးနှောက်ကျန်းမာရေး ကောင်းမွန်စေခြင်း
ဘီယာမှာ ပါဝင်တဲ့ ဆီလီကွန်ဓာတ်ဟာ အရိုးအဆစ်တွေနဲ့ ဦးနှောက်ရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဘီယာမှာ ပါဝင်တဲ့ ဗျစ်ပန်းခြောက်ဟာ ဦးနှောက် ဖောက်ပြန်ခြင်းနဲ့ အကြောအားနည်းခြင်းကြောင့် ဖြစ်တဲ့ ခြေတုန်၊ လက်တုန်ရောဂါ စတာတွေကို ကာကွယ်ပေးပါတယ်။
Ref. rd.com
You may also like these stories:
အရက်သောက်ခြင်းနဲ့ ပတ်သက်ပြီး လူတွေ ယုံကြည်ထားတဲ့ အယူအဆအလွဲများ
ဘီယာ တမျိုးတည်းသောက်ပြီး တလအတွင်း ပေါင် ၃၀ ကျော် ချခဲ့တဲ့ အမျိုးသား
သရက်သီးစားသုံးခြင်းကနေ ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးများ
အိပ်တဲ့အခါ သံပရာသီးစိတ်ကို အိပ်ရာအနီး ထားပေးရုံနဲ့ ရရှိမယ့် ကျန်းမာရေး ကောင်းကျိုးများ