တနေကုန် ရေပဲ ဆာနေတဲ့ နေ့မျိုးကြုံဖူးပါသလား။ ရေသောက်နေကျထက် အနည်းငယ်ပိုပြီး သောက်လိုက်ရင်တောင်မှ မသက်သာသေးဘူးဆိုရင်တော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အခြား အကြောင်းအရင်းတွေ ရှိနေတာ သေချာပါပြီ။ ဒါကြောင့် မကြာခဏရေဆာရတဲ့ အကြောင်းအရင်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ရေဓာတ်လုံလောက်မှု မရှိခြင်း
အပေါ်မှာ ပြောခဲ့သလိုပါပဲ။ ရေဆာရတဲ့ အကြောင်းအရင်းကတော့ ရေဓာတ်လုံလောက်စွာမရလို့ ဖြစ်နိုင်ပါတယ်။ ရေဓာတ်လုံလောက်အောင် ဘယ်လောက်သောက်ရမယ်ဆိုပြီး တရားသေသတ်မှတ်ထားတာမျိုးတော့ မရှိပါဘူး။ ချွေးထွက်တဲ့ ပမာဏ၊ လေ့ကျင့်ခန်းလုပ်တာ စတာတွေနဲ့ပဲ ရေပိုသောက်သင့် မသောက်သင့်ကို ဆုံးဖြတ်နိုင်ပါတယ်။
ရေဓာတ်လုံလောက်စွာရရှိတဲ့ သူတွေရဲ့ ဆီးအရောင်က ဖျော့ပြီး ရေဓာတ်လိုအပ်နေတယ်ဆိုရင် ဝါကျင့်ကျင့် ဖြစ်နေတတ်ပါတယ်။
(၂) ကိုယ်အလေးချိန် လျော့ချခြင်း
ကိုယ်အလေးချိန်လျော့ချနေတဲ့ အချိန်မှာလည်း ရေမကြာခဏ ဆာတတ်ပါတယ်။ ကိုယ်အလေးချိန်လျော့ချနေတဲ့ အခါ အဆီနေရာမှာ ကာဗွန်ဟိုက်ဒရိုက်တွေက အစားထိုးရတာကြောင့် အရင်က သင်စားထားတဲ့ အဆီအဆိမ့်ဖြစ်တဲ့ အရာက သင့်ကို ရေငတ်စေတာဖြစ်ပါတယ်။
(၃) ဆီးချို
ရေငတ်ခြင်းဟာ ဆီးချိုရဲ့ လက္ခဏာတခုလည်း ဖြစ်နိုင်ပါတယ်။ ရေကို မကြာခဏသောက်ချင်ပြီး အပေါ့ မကြာခဏသွားတာတွေဟာ ဆီးချို ဖြစ်နိုင်ချေရှိပါတယ်။ ခန္ဓာကိုယ်တွင်း သကြားဓာတ်တွေ များလွန်းတာကြောင့်လည်း ရေသောက်ချင်တာမျိုး ဖြစ်နိုင်ပါတယ်။
Ref;TNT
You may also like these stories:
လျစ်လျူရှု မထားသင့်တဲ့ ဝမ်းဗိုက်နာကျင်ခြင်း အမျိုးအစားများ
အချိန်တိုင်းလိုလို အပေါ့သွားချင်နေတယ်ဆိုရင်
ပုံမှန်ထက် မလိုအပ်ဘဲရေအများကြီး သောက်မိနေပြီလား