အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာ ကလေး ၁၀၀ ကျော်ဟာ ဦးနှောက်ရောင်ရမ်းနာရောဂါကြောင့် သေဆုံးခဲ့ ရပါတယ်။ ဒီကလေးအများစုဟာ အိန္ဒိယနိုင်ငံရဲ့ အဆိုးဝါးဆုံး ကျန်းမာရေးညွှန်းကိန်းပါပဲ။
အခုလို ဖြစ်ပွား နေတဲ့ ဦးနှောက်ရောင်ရမ်းနာဟာ လိုင်ချီးသီးတွေနဲ့ဆက်စပ်မှုရှိနေတယ်လို့ တရား ဝင်ထုတ်ပြန် ကြေညာ ထားပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်းက ဘီဟာပြည်နယ်ဟာ လူပေါင်း သန်း ၁၀၀ နီးပါးနေ ထိုင်ကြပါ တယ်။ ဆင်းရဲတဲ့ပြည်နယ်တခုဖြစ်သလို စံချိန်တင်အပူလှိုင်း အဓိကဖြတ်လေ့ရှိတဲ့ ဒုတိယမြောက် ပြည်နယ် ဖြစ်ပါတယ်။
အသက်အန္တရာယ်ဖြစ်စေတဲ့ ဦးနှောက်ရောင်ရမ်းရောဂါလည်း ဘီဟာပြည်နယ်မှာ ဇွန်လ အစပိုင်း လောက်ကတည်းက စတင်ဖြစ်ပွားလာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အစိုးရဆေးရုံကြီးတွေမှာ ဦးနှောက်ရောင်ရမ်း ရောဂါကြောင့် သေဆုံးခဲ့ရတဲ့ ကလေး ပေါင်းက ၈၅ ယောက်အထိရှိခဲ့ပြီး အခြား ပုဂ္ဂလိကဆေးရုံ တွေမှာ သေဆုံးခဲ့ရတဲ့ကလေးငယ်ပေါင်း ၁၈ ယောက်ရှိခဲ့ပြီးလို့ အိန္ဒိယနိုင်ငံမှာထုတ်ဝေတဲ့ “The Press Trust of India” သတင်းစာ မှာဖော်ပြထားပါတယ်။
သေဆုံးသူကလေးအများစုဟာ သွေးထဲမှာ ရုတ်တရက် ဂလူးကိုစ့်ဆုံးရှုံးရမှုကြောင့် ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် ကလည်း ဘီယာပြည်နယ်မှာဖြစ်ပွားခဲ့ဖူးသလို များသောအားဖြင့်ကတော့ နွေရာသီမှာ ဖြစ်လေ့ရှိ ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင်လည်း လိုင်ချီးသီးတွေ သီးတဲ့အချိန်မှာဖြစ်လေ့ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်တွေ တုန်းကလည်း အမေရိကန်ပြည်ထောင်စုမှာ ဦးနှောက်မှာဖြစ်တဲ့ ရောဂါတွေ အကြောင်းကို သုတေတနပြု ခဲ့ရာ အသီးမှာပါရှိတဲ့ အဆိပ်ကြောင့်ဖြစ်ရတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါဖြစ်ပွားမှုတွေကို လိုင်ချီးသီးတွေအများအပြားစိုက်ပျိုးလေ့ရှိတဲ့ ဘင်္ဂလားဒေရှ့် နဲ့ ဗီယက်နမ်လိုနိုင်ငံတွေမှာလည်း တွေ့ရှိခဲ့ပါတယ်။ ဘီဟာပြည်နယ်ဟာ ဦးနှောက်ရောင်ရောဂါကြောင့် လူသေဆုံးမှုနှုန်းမြင့်တက်နေသလို တဘက်က လည်း အပူချိန်က နေ့စဉ် ၄၅ ဒီဂရီ စင်တီဂရိတ် အထိ ရှိနေပါတယ်။ အပူလှိုင်းဖြတ်နေတဲ့ အိန္ဒိယနိုင်ငံရဲ့ ခရိုင် ၃ ခရိုင်မှာလည်း ပြီးခဲ့တဲ့ စနေနေ့ကနေ လူသေဆုံးလာတာ ၇၈ ယောက်ရှိသွားခဲ့ပါပြီ။ အပူလှိုင်းကြောင့် သေဆုံးသူအများစုကတော့ အသက် ၅၀ အထက် လူတွေများ ပါတယ်။
အပူလှိုင်းဖြတ်မှုကြောင့် အခြား လူပေါင်း ၁၃၀ ကျော်ကလည်း ဒေသဆေးရုံအများအပြားမှာ အရေးပေါ် ဆေးကုသမှု ခံနေရပါတယ်။ ဒါကြောင့်လည်း အပူလှိုင်းဖြတ်နေတဲ့ဒေသတွေမှာ မနက် ၁၁ နာရီ ကနေ ညနေ ၄ နာရီအထိ နေပူထဲအလုပ်ထွက်မလုပ်ကြဖို့ တားမြစ်ထားပါတယ်။
Ref:aljazeera
You may also like these stories:
အက်ဆစ်နဲ့ အပက်ခံရတဲ့ မိန်းကလေးတွေ ဖွင့်လှစ်ထားတဲ့ အိန္ဒိယက ကော်ဖီဆိုင်
အိန္ဒိယရုပ်ရှင်တွေမှာ ကတဲ့ဇာတ်ဝင်ခန်းတွေ ဘာကြောင့် ပါဝင်ရသလဲ
၂၀၁၉ ခုနှစ်အတွက် “ကလေး သူရဲကောင်းဆု” ချီးမြှင့်ခံရတဲ့ အိန္ဒိယက ကလေးငယ်များ