မိမိဘာသာ တယောက်တည်းစကားပြောခြင်းဟာ ရူးနှမ်းနေတယ်လို့ ထင်မြင်ရပေမယ့် ဒါဟာ စိတ်ကျန်းမာရေးအပေါ် ကောင်းကျိုးတွေ သက်ရောက်နိုင်တယ်လို့ စိတ်ပညာရှင်တွေရဲ့ လေ့လာမှုတွေကဆိုပါတယ်။
တယောက်တည်း စကားပြောတယ်ဆိုတဲ့နေရာမှာ လူပုံအလယ်မှာ မိမိဘာသာ တယောက်တည်း စကားပြောနေတာမျိုးကို ဆိုလိုတာမဟုတ်ဘဲ တယောက်တည်းရှိနေချိန်မှာ မိမိပြောချင်တဲ့စကားတွေနဲ့ အတွေးထဲကအရာတွေကို တဦးတည်းပြောဆိုခြင်းကို ဆိုလိုတာလည်း ဖြစ်ပါတယ်။
တယောက်တည်းစကားပြောခြင်းကို လူတော်တော်များများဟာ တခါတရံမှာ အမှုမဲ့အမှတ်မဲ့ ပြောထွက်မိတတ် ကြပါတယ်။ ဥပမာအားဖြင့် “ငါရုံးနောက်ကျနေပြီ ၊ ဒီအင်္ကျီက ငါနဲ့လိုက်ပါ့မလား” စသဖြင့် ပြောဆိုမိတတ်ကြပါတယ်။
ဒါပေမယ့် မိမိစိတ်ထဲက တွေးတောနေတဲ့အကြောင်းအရာတွေနဲ့ အတွင်းစိတ်ထဲက ပြောချင်နေတဲ့ စကားတွေကိုတော့ အများအားဖြင့် မျိုသိပ်ထားတတ်ကြတာကြောင့် အချိန်ကြာလာတာနဲ့အမျှ စိတ်ကျန်းမာရေးကို အနည်းနဲ့အများဆိုသလို ထိခိုက်လာတာ ဖြစ်တယ်လို့ စိတ်ကျန်းမာရေးပညာရှင် လေ့လာသူတွေက ဆိုပါတယ်။
လေ့လာသူတွေရဲ့အဆိုအရ ကမ္ဘာကျော်ရူပဗေဒပညာရှင် အိုင်းစတိုင်းအပါအဝင် အောင်မြင်ကျော်ကြားသူအများစုဟာ တယောက်တည်းရှိနေချိန်တွေမှာ ကိုယ့်ကိုယ်ကို စကားပြောလေ့ရှိကြတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။
ဒီလိုတယောက်တည်း စကားပြောခြင်းဟာ ဆုံးဖြတ်ချက်ချရခက်ခဲနေတဲ့အချိန်တွေမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ကူညီပေးနိုင်တဲ့အပြင် စိတ်ပင်ပန်းရှုပ်ထွေးမှုတွေကိုလည်း သက်သာရာရစေနိုင်ပါတယ်။
စိတ်ရှုပ်ထွေးနေချိန်၊ စိတ်ဖိစီးမှုများနေချိန်နဲ့ လုပ်ငန်းကိစ္စတွေအတွက် ဝေခွဲရခက်ခဲနေတဲ့ အချိန်ကာလမျိုးတွေမှာ မိမိဘာသာ တယောက်တည်းစကားပြောခြင်းဟာ စိတ်ပိုင်းဆိုင်ရာရှုပ်ထွေးနေမှုတွေကို ကူညီပေးနိုင်ပြီး ဦးနှောက်ရဲ့စွမ်းဆောင်နိုင်မှု စွမ်းရည်နဲ့ အာရုံကြောစနစ်တွေကို ကောင်းမွန်စေနိုင်တယ်လို့လည်း လေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။
Ref. www.elitedaily.com
You may also like these stories:
အသည်းကွဲတဲ့အခါ စိတ်ရောလူပါ ဘာတွေ ခံစားရမလဲ
တယောက်တည်း နေထိုင်ခြင်းရဲ့ ကောင်းကျိုးများ
နေ့လယ်စာစားပြီး အိပ်ငိုက်နေရင် ပြုလုပ်ရမယ့် အရာများ
ရာသီခွင်အလိုက် စိတ်ဖိစီးမှုကို ဖြေဖျောက်ပေးနိုင်မယ့် နည်းလမ်းကောင်းများ