လပြည့်ရက်တွေက အိပ်စက်ခြင်းအပေါ် သက်ရောက်မှုရှိတယ်လို့ဆိုရင် အယူသည်းတယ်လို့ ထင်ကောင်းထင် ပါလိမ့်မယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ဆေးပညာဆိုင်ရာလေ့လာသူတွေ ရှာဖွေတွေ့ရှိ ချက်အရ တကယ်ပဲ လပြည့်ရက်ဟာ အိပ်စက်ခြင်းအပေါ်သက်ရောက်နေတယ်လို့ ဆိုပါတယ်။
လပြည့်ရက်တွေမှာ ပင်လယ်ရေလှိုင်းတွေက ပုံမှန်ထက် ပိုတက်တာကလည်း နေနဲ့လရဲ့ ဆွဲငင်အားကြောင့် ဖြစ် ပါတယ်။ ဒါကိုကြည့်ရင် ရေဓာတ် ၇၀ ရာခိုင်နှုန်းနဲ့ဖွဲ့စည်းထားတဲ့ လူ့ခန္ဓာကိုယ်မှာလည်း ဆွဲငင်အားကြောင့် အ ကျိုးသက်ရောက်မှု ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို သိပ္ပံပညာရှင်တွေက နက္ခတ်ဗေဒပညာရှင်တွေနဲ့ အမြင်တူနေပါ တယ်။
ဒါဆိုဘယ်လိုမျိုး လပြည့်ရက်တွေမှာ အိပ်စက်မှုကို သက်ရောက်စေလဲ။ ၂၀၁၄ ခုနှစ်က Current Biology ဂျာ နယ်မှာဖော်ပြချက်အရ လူတွေရဲ့အိပ်စက်မှုပုံစံတွေဟာ လပြည့်၊လကွယ်ရက်တွေပေါ်မူတည်ပြီး အပြောင်းအလဲရှိတယ်လို့ ဆိုပါတယ်။
ဒီလေ့လာမှုမှာပါဝင်ခဲ့တဲ့ ပါမောက္ခ Christian Cajochen က “လပြည့်၊လကွယ်ရက်တွေဟာ လူတွေ့ရဲ့အိပ်စက် ခြင်းကို လွှမ်းမိုးပါတယ်။ လပြည့်ရက်မှာ တိမ်ဖုံးနေလို့ လကိုကောင်းကောင်းမမြင်ရရင်တောင် အကျိုးသက် ရောက်မှုက အတူတူပါပဲ” လို့ ဆိုပါတယ်။
လပြည့်ရက်တွေက သင့်အိပ်စက်ပုံနဲ့ ကျန်းမာရေးကို ဘယ်လိုပုံစံအကျိုးသက်ရောက်နေလဲ သိရအောင် လာမယ့် တပတ်နှစ်ပတ်အတိုင်း ခံစားရမယ့် ဝေဒနာတွေကို ရက်အလိုက် နာကျင်မှုအတိုင်းအတာကို ၁ ကနေ ၁၀ အတွင်းထားပြီး တိုင်းတာမှတ်သားထားပါ။
ခံစားရတဲ့ဝေဒနာတွေ သက်သာလား၊ ပိုဆိုးလာလား ချိန်ဆကြည့်ပါ။ တကယ်လို့ လပြည့်ရောက်ပေမယ့်လည်း ကျန်းမာရေးကို သက်ရောက်မှုနည်းနေရင် ဘာမှမဖြစ်ပေမယ့် လပြည့်ရက်နီးလေ ဝေဒနာပိုဆိုးလေဆိုရင်တော့ သင့်ကျန်းမာရေးက လပြည့်ရက်တွေနဲ့ ဆက်စပ်နေပါပြီ။
ဒီလိုဆက်စပ်နေသူတွေဟာ လပြည့်ရက်ရောက်ခါနီးလေ အိပ်စက်ပုံကို နှောင့်ယှက်နေတာကြောင့် အိပ်မပျော် တာမျိုး၊ ဘယ်လောက်ပဲ အနားယူယူ မောပန်းနွမ်းနယ်နေတာမျိုး၊ အိပ်ချိန်မလုံလောက်တာမျိုး ခံစားရပါတယ်။
လပြည့်ရက်တွေဟာ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ သက်ရောက်မှုရှိလို့ အိပ်ချိန်တင်မကဘဲ ကျန်းမာရေးကိုပါ အကျိုးသက်ရောက်နေတာလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
Ref: Emma Deangela
You may also like these stories:
အသက် ၃၀ ကျော်လာတဲ့အခါ သတိထားရှောင်ကြဉ်သင့်တဲ့ အစားအစာ ၅ မျိုး
လေ့ကျင့်ခန်းမလုပ်ဘဲ ကျန်းမာလှပအောင် ဘယ်လိုနေမလဲ
အသီးအရွက်က ထုတ်ယူတဲ့ဆီတွေက တကယ်ပဲ ကျန်းမာရေးနဲ့ညီညွတ်ရဲ့လား
နှာခေါင်းနှိုက်တတ်တဲ့ အလေ့အကျင့်ဟာ ကျန်းမာရေးကောင်းမွန်စေကြောင်း လေ့လာတွေ့ရှိ