သမီးရည်းစားရှိသူတွေ အတွက် သတင်းကောင်း တခုကတော့ နမ်းရှုပ်ခြင်းမှာ ကောင်းကျိုးတွေ အများကြီး ရှိနေတာပဲ ဖြစ်ပါတယ်။ လူသိနည်းတဲ့ နမ်းရှုပ်ခြင်းရဲ့ ကောင်းကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း
နမ်းခြင်းဟာ အမျိုးသမီးတွေရဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။ နမ်းနေချိန်မှာ အာရုံကြောကြွက်သားတွေ လှုပ်ရှားမှု ပိုမိုကောင်းမွန်လာစေနိုင်တဲ့ အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန်ဆောင်စဉ်မှာ နမ်းရှုပ်ခြင်းဟာ ကလေး မွေးဖွားမှုကို ပိုမိုလွယ်ကူစေတယ်လို့ သိရပါတယ်။
(၂) ကယ်လိုရီများ လောင်ကျွမ်းခြင်း
လေ့လာချက်တွေ အရ တမိနစ်နမ်းခြင်းကြောင့် ၂ကယ်လိုရီကနေ ၆ကယ်လိုရီအထိ လောင်ကျွမ်းနိုင်တယ်လို့ သိရပါတယ်။ လူတွေ လုပ်လေ့လုပ်ထတော့ နည်းပေမယ့် နှုတ်ခမ်းချင်း တနာရီခန့် ထိထားခြင်းဟာ ၁၅ ကယ်လိုရီလောက်ကို လောင်ကျွမ်းစေနိုင်တယ်လို့ သိရပါတယ်။
(၃) မျက်နှာကြွက်သားများ သန်မာစေခြင်း
ကိုယ်ခန္ဓာကို ကျန်းမာသန်စွမ်းဖို့ အားကစားပြုလုပ်သလိုပါပဲ နမ်းရှုပ်ခြင်းးဟာ မျက်နှာကို လေ့ကျင့်ခန်းပြုလုပ်တာနဲ့ ဆင်တူပါတယ်။ နမ်းနေချိန်မှာ မျက်နှာမှာ ရှိတဲ့ ကြွက်သား ၃၀ခန့် အလုပ်လုပ် ရတာကြောင့် ကြွက်သားတွေကို သန်မာစေမှာ အသေအချာပဲ ဖြစ်ပါတယ်။
(၄) အပန်းပြေစေခြင်း
နမ်းရှုပ်ခြင်းဟာ သဘာဝ အပန်းဖြေနည်း တခုဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဓာတ်ပြုမှုတွေဟာ နမ်းနေစဉ်မှာ အပန်းပြေသွားပြီး ကောင်းမွန်တဲ့ ဓာတ်ပြုခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ နမ်းနေစဉ် တွံတွေးများ ဖလှယ်ခြင်းဟာ လက်တွဲဖော်နဲ့ သင့်ကြားမှာ ကြည်နူးစရာ ပတ်သက်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
နောက်ပြီး နမ်းရှုပ်ခြင်းဟာ သွေးဖိအားကို လျော့ကျစေခြင်း၊ စိတ်ဖိအားကို လျော့ချပေးခြင်း၊ ခေါင်းကိုက် သက်သာခြင်းတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ သုသေသနတွေ အရ သိရပါတယ်။
Ref. RD.com
You may also like these stories:
အိမ်မှုကိစ္စတွေ ပြုလုပ်ခြင်းက အသက်ပိုရှည်စေနိုင်ကြောင်း လေ့လာတွေ့ရှိ
တပတ်မှာ ၂ ကြိမ်ခန့် အာလူးကြော်စားသူတွေဟာ အသက်တိုနိုင်ကြောင်း လေ့လာတွေ့ရှိ
ဘီယာ တမျိုးတည်းသောက်ပြီး တလအတွင်း ပေါင် ၃၀ ကျော် ချခဲ့တဲ့ အမျိုးသား
အိပ်ရေးဝဝအိပ်စက်ခြင်းက ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်