အိမ်အတွင်း ဆေးလိပ်သောက်ခြင်းဟာ Second Smoker တွေကို ထိခိုက်စေတာကြောင့် တားမြစ်တော့မယ်လို့ သိရပါတယ်။ ဒီတားမြစ်တဲ့ ဥပဒေဟာ သြဂုတ်လ ၂၀ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။
အိမ်တွင်း ဆေးလိပ်သောက်သုံးတတ်သူတွေ အတွက် အကျင့်ကို ပြောင်းလဲဖို့ ရက်ပေါင်း ၉၀ အချိန်ပေးထားပါတယ်။ ဒီဥပဒေကို ကျင့်သုံးရတဲ့ အဓိကအကြောင်းအရင်းကတော့ တမိုးအောက်မှာ တူတူနေထိုင်တဲ့ မိသားစုဝင်တွေကို ဆေးလိပ်ကြောင့် ဖြစ်တဲ့ ရောဂါတွေ ဖြစ်ပွားမှုမရှိအောင် ဖြစ်ပါတယ်။
ဒါဟာ ၂၀၁၉ ခုနှစ် Royal Gazette သတင်းစာမှာ ပါရှိတဲ့ မိသားစုဝင်များ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု မြင့်တင်ရေး ဥပဒေအရ စတင်ကျင့်သုံးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီ ဥပဒေဟာ ဆေးလိပ်ဆန့်ကျင်ရေး အဖွဲ့အစည်းတွေက စတင်ပြုလုပ်ခြင်းကြောင့် ဖြစ်လာတဲ့ ဥပဒေဖြစ်ပြီး အိမ်အတွင်းမှာ ဆေးလိပ်နဲ့ အီး-စီးကရက် လုံးဝကင်းစင်တဲ့ နယ်မြေဖြစ်စေချင်တဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်ပါတယ်။
“မနှစ်က တနှစ်တည်းမှာပဲ သေဆုံးတဲ့ Second Smoker ၈၀၀၀ ကျော်ရှိတယ် ” လို့ ဆေးလိပ်ထိန်းချုပ်မှု သုသေသန ပြုလုပ်ခြင်းနဲ့ ဗဟုသုတ မျှဝေရေးအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌဖြစ်သူ Ronnachai Khongsakon က ဆိုပါတယ်။
အိမ်တွင်း ဆေးလိပ်မသောက်ရ ဥပဒေဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ရည်ရွယ်ပြီး ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်ပါတယ်။ အိမ်ထောင်ဦးစီးဖြစ်သူက ဆေးလိပ်သောက်သုံးခြင်းကြောင့် ရောဂါရရှိတဲ့ Second Smoker တွေ ကာကွယ်ဖို့ ပြဋ္ဌာန်းတာဖြစ်တယ်လို့ သိရပါတယ်။
သြဂုတ်လ ၂၀ရက်နေ့မှာ စတင်ကျင့်သုံးမယ့် ဒီဥပဒေကို ဖောက်ဖျက်သူတွေ အနေနဲ့ အပြစ်ဘယ်လောက် ကျခံရမယ် ဆိုတာကို မပြောသေးဘူးလို့ သိရပါတယ်။
၂၀၁၈ ခုနှစ်အတွင်းမှာ ဆေးလိပ်သောက်သုံးခြင်းကြောင့် သေဆုံးသူ ၅သောင်းကျော်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံမှာ စားသောက်ဆိုင်၊ ဈေးဝယ်စင်တာ ကမ်းခြေစတဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာပေါင်း ၈၀ ကျော်မှာ ဆေးလိပ်သောက်သုံးခြင်းကို တားမြစ်ထားပေမယ့် အီး-စီးကရက် သောက်သုံးမှုကိုတော့ ထိထိရောက်ရောက် တားမြစ်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
Ref;bangkokpost.
You may also like these stories:
ဆေးလိပ်သောက်ခြင်းကို ဥပဒေထုတ်ပြီး တားမြစ်ထားတဲ့ နိုင်ငံများ
Disney အပန်းဖြေဥယျာဉ်အတွင်း ဆေးလိပ်သောက်ခြင်းကို တားမြစ်
အီး-စီးကရက် (Vape သောက်ခြင်း) က ကျန်းမာရေးကို ထိခိုက်စေနိုင်သလား