မိုးရေမှာ သာမန်ရေတွေလို ရေကို ညစ်ညမ်းစေတဲ့ ဓာတ်သတ္တုတွေ မပါဝင်တာကြောင့် မိုးရေကို အသန့်စင်ဆုံးရေအဖြစ် လက်ခံထားကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက မိုးရေကို ဆေးဝါးကုသမှုတွေမှာ အသုံးပြုခဲ့ကြပြီး သန့်စင်တဲ့ မိုးရေဟာ ခန္ဓာကိုယ်ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။
(၁) အစာအိမ် ကျန်းမာရေးကို ကောင်းမွန်စေတယ်
အိန္ဒိယရိုးရာ တိုင်းရင်းဆေးပညာတွေအရ မနက်တိုင်း သန့်စင်တဲ့ မိုးရေ လက်ဖက်ရည်ဇွန်း ၂ ဇွန်းကနေ ၃ ဇွန်းခန့်အထိ သောက်သုံးပေးခြင်းဟာ အစာအိမ်ကျန်းမာရေးကို ကောင်းမွန်စေနိုင်တယ်လို့ ဆိုပါတယ်။ မိုးရေမှာပါဝင်တဲ့ Alkaline pH ဟာ အစာအိမ်နာခြင်းအပါအဝင် အစာမကြေခြင်းနဲ့ အစာအိမ်ဝေဒနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
မိုးရေကို သောက်သုံးတဲ့အခါ လုံးဝ သန့်စင်တဲ့ မိုးရေဖြစ်ဖို့ သေချာစစ်ဆေးသင့်သလို ကိုယ်ဝန်ဆောင်တွေ အနေနဲ့ကတော့ မိုးရေကို ကျိုချက်ပြီးမှသာ သောက်သုံးသင့်ပါတယ်။
(၂) ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်
သန့်စင်တဲ့မိုးရေဟာ Alkaline Water ဖြစ်တာကြောင့် အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ သတ္တိရှိပါတယ်။ အစာချေဖျက်ခြင်းစနစ်ကို ကောင်းမွန်စေပြီး ကိုယ်တွင်း pH Level ကို မျှတစေကာ ကိုယ်တွင်းအဆိပ်အတောက် တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
(၃) ဆံသား ကျန်းမာရေးကို ကောင်းမွန်စေခြင်း
မိုးရေဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက်သာမက ဆံကေသာ ကျန်းမာရေးကိုပါ အကျိုးပြုစေပါတယ်။ မိုးရေမှာပါဝင်တဲ့ Alkaline pH ဟာ ဆံကေသာတွေကို သဘာဝအတိုင်း ကျန်းမာသန်စွမ်းစေပြီး မိုးရေနဲ့ ခေါင်းလျှော်ခြင်းဟာ ခေါင်းလျှော်ရည်တွေရဲ့ အကျိုးအာနိသင်ကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။
(၄) အသားအရေကို ကောင်းမွန်စေတယ်
သန့်စင်တဲ့ မိုးရေမှာ Chlorine နဲ့ Fluoride တို့ မပါဝင်တာကြောင့် အသားအရေကို ထိခိုက်ပျက်စီးမှု မရှိစေပါဘူး။ Alkaline pH ဟာ အသားအရေရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး အရေပြားကို ထိရောက်စွာ သန့်စင် ပေးနိုင်တာကြောင့် အသားအရေကို ကြည်လင် သန့်စင်စေနိုင်ပါတယ်။
Ref. dehealthbenifits.com
You may also like these stories:
ဗီတာမင်စီနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ
လေ့ကျင့်ခန်းမလုပ်ဘဲ ကျန်းမာလှပအောင် ဘယ်လိုနေမလဲ
ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတဲ့ အစားအစာ ၅ မျိုး
ထောပတ်သီးကို အသုံးပြုပြီး အသားအရေ စိုပြည်ကြည်လင်စေဖို့ ပေါင်းတင်ကြမယ်