အဆာပြေမုန့် နည်းနည်းလောက်စားပြီးရင်ပဲ ဖြစ်ဖြစ်၊ ထမင်း နည်းနည်းလောက် စားပြီးရင်ပဲ ဖြစ်ဖြစ် ဗိုက်ထဲမှာ နေလို့ မကောင်းတာမျိုးကို ကြုံဖူးပါသလား။ ဒါဆိုရင်တော့ ဒီလိုတွေ ခံစားနေရတာ သင်တယောက်တည်းမဟုတ်တာ သေချာနေပါပြီ။ ဒါကြောင့် အစာချေစနစ်ကို သဘာဝအတိုင်းကောင်းမွန်စေမယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ပူရှိန်းဆီ
ရေဓာတ် ပြည့်ဝစွာ ရရှိဖို့ဆိုရင် တနေ့ကို ရေ ၆ ခွက်ကနေ ၈ ခွက်အထိ သောက်ပေးရပါတယ်။ ရေသောက်ရင်းနဲ့ ပူရှိန်းဆီ ၃ စက် လောက်ထည့်သွင်းပြီး သောက်သုံးခြင်းဟာ သင့်ကို လန်းဆန်စေမှာ သေချာပါတယ်။ ရေထဲကို ပူရှိန်းဆီထည့်ပြီး သောက်ခြင်းဟာ ဝမ်းဖောဝမ်းယောင်ဖြစ်ခြင်းကို သက်သာစေပါတယ်။
(၂) ရှောင်သင့်တာကို ရှောင်ပါ
သင်က အစာမကြေတတ်တဲ့ ရောဂါရှိတယ်ဆိုရင် ရှောင်ရမယ့် အစားအစာတွေ ရှိပါတယ်။ ဥပမာ ကြက်ဥ၊ ပြောင်းဖူး၊ ဂျုံ နဲ့ နို့ထွက်ပစ္စည်းတွေဟာ ဝမ်းဗိုက်ကို ဒုက္ခပေးတတ်တာကြောင့် ဂရုစိုက်ပြီး ရှောင်ဖို့ လိုအပ်ပါတယ်။
(၃) စိတ်ဖိစီးမှု
စိတ်ဖိစီးမှုကြောင့်လည်း အစာအိမ်နဲ့ သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုတွေ ရှိတာတယ်ဆိုရင် ဖြေဖျောက်နိုင်ဖို့ ကြိုးစားတာကလည်း အစာအိမ်ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။ စာအုပ်ဖတ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ဟာသရုပ်ရှင်များ ကြည့်ရှုခြင်းနဲ့ ချစ်ခင်သူတွေနားမှာ နေထိုင်ခြင်းတွေက သင့်စိတ်ကို ပေါ့ပါးသွားစေပါလိမ့်မယ်။
(၄) အိမ်တွင်းဆေးဝါးများ
သဘာဝတရားက ပေးထားတဲ့ ဆေးဝါးတွေဟာ သင့်လက်တကမ်းမှာပဲ ရှိပါတယ်။ ဝမ်းဖောဝမ်းရောင် ဖြစ်ခြင်းတွေအတွက် အသုံးဝင်တဲ့ အိမ်တွင်းဆေးဝါးတွေကတော့ နနွင်း၊ ဂျင်း၊ စမုန်နက်၊ ကရဝေး၊ ကြက်သွန်ဖြူ၊ သစ်ကြံပိုးခေါက် စတာတွေပဲ ဖြစ်ပါတယ်။
Ref. truththeory.com
You may also like these stories:
သွားတွေ ပျက်စီးရတဲ့ အဓိက အကြောင်းအရင်းများ
အတွေးလွန်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ
အမျိုးသမီးများ ဓမ္မတာလာနေချိန်မှာ လုံးဝ မပြုလုပ်သင့်တဲ့ အရာများ
အိမ်တွင်း အလွယ်တကူ ရနိုင်တဲ့ ပစ္စည်းတွေနဲ့ အကိုက်အခဲ ပျောက်စေမယ့် နည်းလမ်းများ