Health

ဝက်ခြံထွက်သူတွေဟာ အခြားသူတွေထက် အိုမင်းရင့်ရော်မှု ပိုမိုနှေးကွေးကြောင်း လေ့လာတွေ့ရှိ

Want create site? Find Free WordPress Themes and plugins.

အရေပြားဆိုင်ရာ သုတေသနပညာရှင်တွေရဲ့ လေ့လာချက်အရ မျက်နှာ အသားအရေမှာ ဝက်ခြံပေါက်သူတွေဟာ တခြားသူတွေထက် အိုမင်းရင့်ရော်မှု ပိုမိုနှေးကွေးပြီး အရေးအကြောင်းတွေ ဖြစ်ပေါ်မှု နည်းပါးကြောင်း လေ့လာ တွေ့ရှိခဲ့ပါတယ်။

လူအများစုဟာ မျက်နှာမှာ ထွက်တဲ့ ဝက်ခြံဖုတွေကို မကြိုက်နှစ်သက်ကြပေမယ့် မကြာခဏ ဝက်ခြံ ထွက်သူတွေအတွက်တော့ ဒီလေ့လာတွေ့ရှိမှုဟာ သတင်းကောင်းပဲ ဖြစ်ပါတယ်။

အရေပြားဆိုင်ရာ သုတေသီတွေရဲ့အဆိုအရ ဝက်ခြံပေါက်တတ်သူတွေရဲ့ အသားအရေ အရေပြားဆဲလ်တွေရဲ့ Chromosomes အဆုံးပိုင်းမှာ Telomeres လို့ခေါ်တဲ့ အလွှာတခု ရှိနေပါတယ်။ ဒီ Telomeres အလွှာဟာ သွေးဖြူဥ ဆဲလ်တွေရဲ့အောက်မှာ တည်ရှိပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေကာ အရေးအကြောင်းတွေ အလွယ်တကူ ဖြစ်ပေါ်မှုကို တားဆီးပေးနိုင်ပါတယ်။

ဝက်ခြံပေါက်သူတွေရဲ့ အရေပြားဆဲလ်ထဲမှာရှိတဲ့ Telomeres တွေဟာ တခြားသော အသားအရေတွေလိုမျိုး အလွယ်တကူ မပျက်စီးနိုင်ဘဲ တည်ရှိတာကြောင့် အိုမင်းရင့်ရော်မှုကို နှေးကွေးစေတာလည်း ဖြစ်ပါတယ်။ ဆယ်ကျော်သက် အရွယ်မှာ ဝက်ခြံပေါက်လို့ စိတ်ညစ်နေသူတွေအတွက်လည်း ဒါဟာ သတင်းကောင်း ဖြစ်သလို အရေပြားဆဲလ်ထဲက Telomeres တွေဟာ ပိုမိုကြံ့ခိုင်လာနိုင်တာကြောင့် တခြားသူတွေထက် ငယ်ရွယ် နုပျိုလာစေမှာ ဖြစ်ပါတယ်။

ဒီလေ့လာရှာဖွေမှုအတွက် သုတေသီတွေဟာ အမျိုးသမီးပေါင်း ၁၂၀၀ ကျော်ခန့်ကို စစ်တမ်းကောက်ယူကာ လေ့လာခဲ့တာဖြစ်ပြီး ဝက်ခြံထွက်တဲ့သူတွေမှာ Telomeres တွေဟာ အလွယ်တကူ ပျက်စီးမသွားနိုင်ဘဲ သာမန် အသားအရေ ရှိသူတွေမှာတော့ အရေပြားဆဲလ်တခု ပျက်စီးသွားတဲ့အခါတိုင်း Telomeres တွေကပါ လိုက်ပါ ပျက်စီးတာကြောင့် အိုမင်းရင့်ရော်မှုကို အလွယ်တကူ ဖြစ်ပေါ်စေတာလည်း ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး အရေပြားသုတေသီ Dr. Simone Ribero က “အိုမင်းရင့်ရော်မှုရဲ့ လက္ခဏာတွေဖြစ်တဲ့ အရေးကြောင်းတွေနဲ့ အရေပြား တွန့်ခြင်းတွေဟာ ဝက်ခြံထွက်တဲ့ အသားအရေပိုင်ရှင်တွေမှာ ဖြစ်ပေါ်မှု နှေးကွေးပါတယ်။ဝက်ခြံထွက်သူတွေဟာ တခြားသူတွေထက် ပိုပြီး အသားအရေ အဆီပြန်တတ်တာကလည်း အိုမင်းရင့်ရော်မှုကို နှေးကွေးစေတာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

Ref. www.huffingtonpost.ca , www.elle.com

နှာခေါင်းနဲ့ မေးစေ့တဝိုက်က ဆားဝက်ခြံတွေ ပျောက်ကင်းစေနိုင်မယ့် နည်းလမ်းများ

အရေပြား ကျန်းမာရေး ပြဿနာများအတွက် တမာရွက်ရဲ့ အသုံးဝင်ပုံများ

နဖူးတဝိုက်က ဝက်ခြံတွေကို ပျောက်ကင်းစေမယ့် နည်းလမ်းကောင်းများ

အသားအရေအလှအပအတွက် အသုံးဝင်တဲ့ မြင်းခွာရွက်

Did you find apk for android? You can find new Free Android Games and apps.
Loading