• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

လေဖြတ်နိုင်ခြေ ရှိ၊ မရှိကို မိမိကိုယ်တိုင် အလွယ်တကူ စမ်းသပ်နည်း

by ဟယ်လ်သင်
3 July 2019
in Health
A A
ဦးနှောက်ဆီကို သွေးသွားလာမှု ရပ်ဆိုင်းသွားတာကြောင့် လေဖြတ်ခြင်း ဖြစ်ပေါ်ရတာ ဖြစ်ပါတယ်

ဦးနှောက်ဆီကို သွေးသွားလာမှု ရပ်ဆိုင်းသွားတာကြောင့် လေဖြတ်ခြင်း ဖြစ်ပေါ်ရတာ ဖြစ်ပါတယ်

36.9k
VIEWS
Share on FacebookShare on Twitter

လေဖြတ်ခြင်းဟာ ကမ္ဘာပေါ်မှာ လူသေဆုံးမှု ဒုတိယအများဆုံး ရောဂါတမျိုး ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းလုံး အတိုင်းအတာနဲ့ နှစ်စဉ်နှစ်တိုင်း လူ ၈ သန်းခန့်ဟာ လေဖြတ်ခြင်းကို ခံစားနေကြရပြီး ဦးနှောက်ဆီကို သွေးသွားလာမှု ရပ်ဆိုင်းသွားတာကြောင့် လေဖြတ်ခြင်း ဖြစ်ပေါ်ရတာ ဖြစ်ပါတယ်။

လေဖြတ်ခြင်းဟာ ရုတ်တရက် ဖြစ်ပေါ်လေ့ ရှိတာ မှန်ပေမယ့် ရှေ့ပြေးလက္ခဏာတွေကိုတော့ ကြိုတင်ပြသ တတ်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် ဆေးပညာရှင်တွေရဲ့ လေ့လာမှုတွေအရ လေဖြတ်နိုင်ခြေ ရှိ၊ မရှိကို ဆေးရုံ၊ ဆေးခန်းတွေမှာ သွားရောက် စစ်ဆေးတာမျိုး မဟုတ်ဘဲ မိမိဘာသာ အလွယ်တကူ စမ်းသပ်သိရှိနိုင်မယ့် နည်းလမ်းကို တွေ့ရှိခဲ့ကြပြီ ဖြစ်ပါတယ်။

RelatedPosts

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
594
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
305
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
383

ဒီလေ့လာတွေ့ရှိမှုကိုတော့ ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်မှာရှိတဲ့ ဂျပန်လူမျိုး သုတေသသီတွေက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သုတေသီတွေ တွေ့ရှိခဲ့တဲ့ လေဖြတ်နိုင်ခြေ ရှိ၊ မရှိကို စမ်းသပ်တဲ့ နည်းလမ်းကတော့ ခြေထောက် တဖက်တည်းပေါ်မှာ စက္ကန့် ၂၀ ကြာ ဟန်ချက်ညီညီ မတ်တပ်ရပ်ဖို့ ပြုလုပ်ရတာပဲ ဖြစ်ပါတယ်။

ဒီလေ့လာမှုအတွက် အသက် ၅၀ ကျော် ၆၀ ဝန်းကျင်ရှိ လူပေါင်း ၁,၃၀၀ ခန့်ကို ခြေထောက် တဖက်တည်းမှာ ဟန်ချက်ညီအောင် မတ်တပ်ရပ်စေခဲ့တာ ဖြစ်ပြီး အသက်အရွယ် ကြီးရင့်သူတွေအနေနဲ့ ခြေထောက်တဖက်တည်းပေါ်မှာ ဟန်ချက်ညီညီ မတ်တပ်ရပ်ဖို့ဟာ ခက်ခဲနေတာကို တွေ့ရှိခဲ့ရပါတယ်။

လေ့လာမှုအရ ခြေထောက် တဖက်တည်းပေါ်မှာ စက္ကန့် ၂၀ ကြာ ဟန်ချက်ညီညီ မတ်တပ်ရပ်နိုင်ဖို့ ကြိုးစားရလေလေ လေဖြတ်နိုင်ခြေ မြင့်တက်လေပဲ ဖြစ်ပါတယ်။ အသက် ၅၀ ကနေ ၆၀ ဝန်းကျင်ရှိတဲ့ လူပေါင်း ၁၃၀၀ ခန့် ခြေထောက် တဖက်တည်းပေါ် ဟန်ချက်ညီအောင် မတ်တပ်ရပ်နေချိန်မှာ လေ့လာသူတွေက ဦးနှောက်ကို Scan ဖတ်ကာ ကြည့်ရှုနေတာပဲဖြစ်ပါတယ်။

ဒီသုတေသန လေ့လာစမ်းသပ်မှုကို ကမ္ဘာတဝှမ်းမှာရှိတဲ့ ဆေးပညာ သုတေသီတွေက ထောက်ခံခဲ့ကြပြီး ခြေထောက် တချောင်းတည်းပေါ် ဟန်ချက်ညီညီ မတ်တပ်ရပ်နိုင်စွမ်းဟာ ဦးနှောက် ကျန်းမာရေးအတွက်ရော လေဖြတ်နိုင်ခြေ ရှိ၊ မရှိကိုပါ စမ်းသပ် သိရှိနိုင်တဲ့ အရေးပါတဲ့ စမ်းသပ်နည်းတခုပဲ ဖြစ်ပါတယ်။

Ref. www.brainblogger.com

You may also like these stories:

Diet အချိုရည်ဘူး နေ့စဉ်သောက်ရင် နှလုံးနဲ့ လေဖြတ်ရောဂါဖြစ်နိုင်ခြေများပြား

လေဖြတ်ခြင်း မတိုင်မီ ဖြစ်တတ်တဲ့ စိုးရိမ်စရာ ရှေ့ပြေးလက္ခဏာ ၅ မျိုး

Your Thoughts …
Tags: စမ်းသပ်နည်းလေဖြတ်ခြင်း
ဟယ်လ်သင်

ဟယ်လ်သင်

Similar Picks:

ဦးနှောက်ဆီကို သွေးစီးဆင်းမှု ပြတ်တောက်သွားတဲ့ အခါမျိုးတွေမှာ လေဖြတ်ခြင်း ဖြစ်ပေါ်တတ်ပါတယ်

လေဖြတ်ခြင်း မတိုင်မီ ဖြစ်တတ်တဲ့ စိုးရိမ်စရာ ရှေ့ပြေးလက္ခဏာ ၅ မျိုး

by ဟယ်လ်သင်
8 January 2019
50.3k

လုပ်နေကျ အလုပ်တွေကို ရုတ်တရက် မေ့လျော့တာမျိုးနဲ့ အသိမိတ်ဆွေတွေရဲ့ နာမည်ကိုတောင် စဉ်းစားလို့ မရအောင် မေ့လျော့နေပြီ ဆိုရင်တော့ သတိထားသင့်နေပါပြီ။

ယနေ့ခေတ်မှာ အဖြစ်များလာတဲ့ လေဖြတ်ခြင်းကို ဘယ်လို ကာကွယ်နိုင်သလဲ

ယနေ့ခေတ်မှာ အဖြစ်များလာတဲ့ လေဖြတ်ခြင်းကို ဘယ်လို ကာကွယ်နိုင်သလဲ

by ဧရာဝတီ
9 May 2018
11.2k

ဦးနှောက်အတွင်းရှိ ဆံချည်မျှင် သွေးကြောတွေ ပေါက်ထွက်တာ၊ ဒါမှမဟုတ် ဦးနှောက်အတွင်း သွေးကြော ပိတ်ဆို့တာကြောင့် လေဖြတ်ခြင်း ဖြစ်တာပါ။ ဦးနှောက်အတွင်း သွေးကြောပိတ်ဆို့တာက အဖြစ်အများဆုံးပါ။

လေဖြတ်နိုင်ခြေကို လျော့ပါးစေသော အစားအစာများ

လေဖြတ်နိုင်ခြေကို လျော့ပါးစေနိုင်တဲ့ အစားအစာများ

by ဟယ်လ်သင်
21 May 2018
13.6k

Antioxidant တွေရဲ့ အရင်းအမြစ်လို့ တောင်းဆိုလို့ရတဲ့ ခရမ်းချဉ်သီးဟာ သွေးဖိအားတက်ခြင်းကို လျော့ကျ စေနိုင်ရုံသာမက ခန္ဓာကိုယ်တွင်းသွေးကြော ပိတ်ဆို့ခြင်းကိုပါ လျော့ပါးစေနိုင်တာကြောင့်

လည်ပင်း အကြောဆန့်ရာမှ လေဖြတ်သွားတဲ့ အမျိုးသမီး

လည်ပင်း အကြောဆန့်လိုက်ရာမှ ရုတ်တရက် လေဖြတ်သွားခဲ့တဲ့ အမျိုးသမီး

by ဟယ်လ်သင်
10 May 2019
17.9k

ရုတ်တရက်ဆိုသလို လည်ပင်းအကြောဆန့်လိုက်ခြင်းဟာ သွေးကြောငယ်တွေရဲ့ ပုံစံကို ပြောင်းသွားစေပြီး အာရုံကြောကို ဖျက်ဆီးလိုက်သလို ဖြစ်တာကြောင့် လေဖြတ်သွားရခြင်းဖြစ်ပါတယ်။

Next Post
မီတာခ တိုးမြင့်မှု အသေးစားလုပ်ငန်းတွေပေါ် ဘယ်လိုသက်ရောက်နိုင်လဲ (ရုပ်/သံ)

မီတာခ တိုးမြင့်မှု အသေးစားလုပ်ငန်းတွေပေါ် ဘယ်လိုသက်ရောက်နိုင်လဲ (ရုပ်/သံ)

အဆိုတော် ပိုပို / ချစ်ပိုး / ဧရာဝတီ

"ပြည့်စုံချိန်မှာ ကွယ်လွန်သွားတဲ့ အဘွားကို သတိရတယ်"လို့ ပြောတဲ့ အဆိုတော် ပိုပို

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.4k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate