Health

လက်သည်းနီဆိုးခြင်းဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် ဘယ်လို သက်ရောက်မှုရှိစေလဲ 

အလှအပနဲ့ ခန္ဓာကိုယ်ကျန်းမာရေးဟာ အမြဲလိုလို ဆက်စပ်နေပါတယ်။ အမျိုးသမီးတွေဟာ တခါတရံမှာ လှလှပပ ပြင်ဆင်လိုစိတ်နဲ့ မိမိကျန်းမာရေးကို လျစ်လျှူရှုမိသလို ဖြစ်တတ်ပါတယ်။ အမျိုးသမီးတိုင်း အသုံးပြု ပြင်ဆင်ခြယ်သလေ့ရှိတဲ့ လက်သည်းနီမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ခန္ဓာကိုယ် ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိနေပါတယ်။

လက်သည်းနီ ဝယ်တဲ့အခါ မိမိလိုချင်တဲ့ အရောင်ကို ရွေးချယ်ကြသလို ပါဝင်တဲ့ ဓာတ်ပစ္စည်း Ingredients တွေကိုလည်း ဖတ်ကြည့်ပြီးမှ ဝယ်ယူသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ တချို့သော လက်သည်းနီတွေမှာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။

(၁) Toulene

လက်သည်းနီမှာပါဝင်တဲ့ Toulene ဟာ လက်သည်းနီ အရောင်ကို ကြာရှည်ခံအောင်နဲ့ ဆိုးလိုက်တဲ့အခါ ချောမွေ့တဲ့ အာနိသင် ရရှိစေဖို့ ထည့်သွင်းထားတာပါ။ Toulene ဟာ အာရုံကြောစနစ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပြီး Toulene နဲ့ ဓာတ်မတည့်သူတွေမှာ ထိတွေ့မိရုံနဲ့ ခေါင်းမူးဝေခြင်း၊ ပျို့အန်ခြင်း စတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

(၂) Formaldehyde

Formaldehyde ဟာ လက်သည်းနီ ပုလင်းထဲမှာ လက်သည်းနီတွေ ကြာကြာခံနေစဖို့ ထည့်တဲ့ ဓာတ်ငွေ့ တမျိုးဖြစ်ပြီး ဒီဓာတ်ငွေ့ဟာ ကင်ဆာအထိ ဖြစ်စေနိုင်ပြီး နှလုံးခုန် မမှန်တာ၊ တက်တာ စတာတွေအထိ ဖြစ်နိုင်ပါတယ်။

(၃) Dibutyl phthalate

Dibutyl phthalate ကိုတော့ လက်သည်းနီရဲ့ အနံ့အဖြစ် ထည့်သွင်းထားတာဖြစ်ပြီး ဒီ Dibutyl phthalate ဟာ ဟော်မုန်းစနစ်ကို မူမမှန်ဖြစ်စေခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာနဲ့ အမျိုးသမီးတွေမှာ ဖြစ်တဲ့ မီးယပ်နဲ့ ဆိုင်တဲ့ ရောဂါဝေဒနာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ လက်သည်းနီ ဆိုးပြီးလို့ ၁၀ နာရီအတွင်းမှာ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ဟာ မူမမှန်ဖြစ်ပြီး ကျန်းမာရေးအပေါ် ဆိုးဆိုးရွားရွား သက်ရောက်နိုင်မှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။

Ref. brightside.me

You may also like these stories:

လက်သည်းတွေ အမြဲလှနေအောင် ဘယ်လို ထိန်းသိမ်းမလဲ

ဝယ်ပြီးရင် အလကား ဖြစ်လေ့ရှိတဲ့ အလှကုန် ပစ္စည်းများ

လက်သည်းအရှည်ထားသူတွေ သိထားသင့်တဲ့ လက်သည်း ထိန်းသိမ်းနည်းများ

လက်သည်းခြေသည်းတွေ ကြည်လင်တောက်ပြောင်နေစေမယ့် နည်းလမ်း ၅ ခု

Loading