Health

နာမည်ကြီး အနုပညာရှင်များရဲ့ ကိုယ်အလေးချိန်လျှော့ချနည်းများ 

ခန္ဓာကိုယ်အလေးချိန်လျှော့ချတဲ့အခါ လေ့ကျင့်ခန်းပြုလုပ်တာ၊ အစားရှောင်တာ စတဲ့ ပြုလုပ်နေကျ လုပ်ရိုးလုပ်စဉ် ဝိတ်ချနည်းတွေလို မဟုတ်ဘဲ ထူးထူးဆန်းဆန်းဝိတ်ချနည်းတွေကလည်း အမှန်တကယ်ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပါတယ်။

အခုဖော်ပြပေးမှာကတော့ နာမည်ကျော်အနုပညာရှင်တွေရဲ့ ထူးထူးဆန်းဆန်း ဝိတ်ချနည်းတွေပဲ ဖြစ်ပါတယ်။

(၁) Shailene Woodley

Divergent မင်းသမီး Shailene Woodleyဟာဆိုရင်တော့ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် မနက်တိုင်း သန့်စင်ထားတဲ့ ရွှံ့စေး လက်ဖက်ရည်ဇွန်းတဝက်ခန့်ကို ရေနဲ့သောက်သုံးလေ့ရှိပါတယ်။ ရွှံ့စေးမှာ ကယ်လ်ဆီယမ်၊ သတ္တုဓာတ်နဲ့ သံဓာတ်တွေ ပါဝင်တာကြောင့် သောက်သုံးဖြစ်တာလို့ အင်တာဗျူးတခုမှာ သူမကဆိုပါတယ်။

(၂) Christina Aguilera

နာမည်ကျော် တေးရေးတေးဆိုတဦးဖြစ်တဲ့ Christina Aguilera ရဲ့ ဝိတ်ချနည်းကတော့ အသီးအနှံတွေကို အရောင်တမျိုးတည်းကိုပဲ စားသုံးတာဖြစ်ပါတယ်။ အနီရောင်ရှိတဲ့ အသီးအနှံတွေကို တရက်လုံးစားပေးတာမျိုး ၊ နောက်ရက်တွေမှာ အဝါရောင် အသီးအနှံတွေကိုချည်း တရက်လုံးစားတဲ့ 7 day Colour Diet နည်းလမ်းနဲ့ ကိုယ်အလေးချိန်လျှော့ချတာဖြစ်ပါတယ်။

(၃) Nicole Kidman

နာမည်ကြီးမင်းသမီး Nicole Kidman ကတော့ ဝိတ်ချတဲ့အခါ ဂျုံ၊ဆန်စတာတွေ စားသောက်ခြင်းကို လုံးဝဖြတ်တောက်လိုက်ပြီး မနက်စာ၊ နေ့လယ်စာ ၊ ညစာတွေကို ကြက်ဥပြုတ်ကိုသာ စားသုံးခြင်းနည်းနဲ့ ကိုယ်အလေးချိန်လျှော့ချတယ်လို့ Beauty blog မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

(၄) Beyonce

အဆိုတော် Beyonce ကတော့ Show တွေရှိလို့ ဖျော်ဖြေရမယ့်အခါတိုင်း သူမကိုယ်အလေးချိန်ကို ထိန်းသိမ်းဖြစ်တယ်လို့ ဆိုပါတယ်။ သူမအနေနဲ့ကတော့ ထွေထွေထူးထူး အစားရှောင်ခြင်းထက် ရေ၊ သံပရာရည်နဲ့ သကြားမပါဝင်တဲ့ အသီးဖျော်ရည်စစ်စစ်တွေကို တနေကုန်သောက်သုံးပြီး ကိုယ်အလေးချိန်လျှော့ချလေ့ရှိတယ်လို့ သိရပါတယ်။

Ref. insider.com

You may also like these stories:

အစားလျှော့စားပေမယ့် ကိုယ်အလေးချိန် မြင့်တက်လာရခြင်း အကြောင်းရင်းများ

ကိုယ်အလေးချိန်ကို လျော့ကျစေမယ့် ဂျပန်လူမျိုးတွေရဲ့ ငှက်ပျောသီးစားပြီး ဝိတ်ချနည်း

ဝိတ်ချနေသူတွေ ညဘက်မှာ စိတ်ချလက်ချ စားနိုင်မယ့် အစားအစာ ၅ မျိုး

ညဘက် စားလည်း ကိုယ်အလေးချိန် တက်နိုင်ချေ မရှိတဲ့ အစားအစာများ

Loading