သစ်ကြံပိုးခေါက်ဟာ ဟင်းခတ် အမွှေးအကြိုင်တခုထက် ပိုတဲ့ ကောင်းကျိုးတွေ ရှိပါတယ်။ ဟင်းတွေကို အရသာနဲ့ ပြည့်စုံစေသလို အခြား ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေလည်း ရှိပါတယ်။ အလှအပအရေးရာ အသုံးဝင်မှုအပြင် သုသေသန ပြုလုပ်သူတွေ ရှာဖွေထားတဲ့ သစ်ကြံပိုးခေါက်ရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဖောရောင်ခြင်း
သစ်ကြံပိုးခေါက်ကို ဟင်းထဲမှာ ထည့်သွင်းစားသုံးခြင်းဟာ ရောင်ရမ်းခြင်းကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် သစ်ကြံပိုးခေါက်ကို စားသုံးခြင်းဖြင့် ကိုက်ခဲခြင်း၊ အရိုးအဆစ် နာကျင်ခြင်း နဲ့ အရိုးအဆစ် ရောင်ရမ်းခြင်းတွေကို ပျောက်ကင်းစေနိုင်ပါတယ်။
(၂) နှလုံးရောဂါ
တိကျသေချာတဲ့ အဖြေကို မပြနိုင်သေးပေမယ့် သစ်ကြံပိုးခေါက်ကို စားသုံးခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ချေကို နည်းပါးစေပါတယ်။ နနွင်းနဲ့ သစ်ကြံပိုးခေါက်ကို ရောပြီး စားသုံးသူတွေဟာ အဲလို မစားသူတွေထက် နှလုံးရောဂါဖြစ်နိုင်ချေ ၆၀ ရာခိုင်နှုန်းကျော်နည်းပါးပါတယ်။
(၃) ကူးစက်ရောဂါ
သစ်ကြံပိုးခေါက်က ထုတ်လုပ်ထားတဲ့ ဆီဟာ ဘက်တီးရီးယားများကို တိုက်ခိုက်နိုင်စွမ်းရှိတာကြောင့် သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ သစ်ကြံပိုးခေါက်ဟာ အခြားဟင်းခတ်အမွှေးအကြိုင်တွေမှာ မပါနိုင်တဲ့ ဓာတ်တခုရှိတာကြောင့် အခုလို ဘက်တီးရီးယားတွေကို ပြန်လည်ခုခံနိုင်စွမ်းလည်း ရှိပါတယ်။
(၄) ခံတွင်းကျန်းမာရေး
သစ်ကြံပိုးခေါက်ဟာ ခံတွင်းကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ သွားများ ရေစီးကမ်းပြိုဖြစ်ခြင်းနဲ့ ခံတွင်းနံ့ နံခြင်းကို လျော့ချစေနိုင်ပြီး သွားပိုးစားခြင်းကို တားဆီးပေးနိုင်တယ်လို့ သိရပါတယ်။
(၅) ကိုယ်အလေးချိန် လျှော့ချခြင်း
သစ်ကြံပိုးခေါက်ရဲ့ ကောင်းကျိုးတွေ အထဲက တခုကတော့ ကိုယ်အလေးချိန်လျှော့ချတဲ့အချိန်မှာ အသုံးဝင်တဲ့ Antioxidant ကို တိုးမြင့်ပေးတာပဲ ဖြစ်ပါတယ်။ သစ်ကြံပိုးခေါက်ဟာ ရောဂါတွေကို ကုသနိုင်တဲ့ အဓိကဆေးဝါးမျိုးတော့ မဟုတ်ပေမယ့် ပုံမှန်စားပေးခြင်းကြောင့်လည်း ဆိုးကျိုးတွေကို မရရှိနိုင်ပါဘူး။ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုရင် ဟင်းအရသာလည်း တိုးနိုင်သလို ကျန်းမာရေးအတွက်လည်း ဆိုးကျိုး မရှိပါဘူး။
Ref. RD.com
You May Also Like These Stories:
အသားအရေ အလှအပအတွက် သစ်ကြံပိုးခေါက်မှုန့်ရဲ့ အသုံးဝင်ပုံများ
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေနိုင်တဲ့ အစားအစာ ၅ မျိုး