Health

နာကျင် ကိုက်ခဲမှုတွေကို ကုသဖို့ ထုတ်လုပ်လိုက်တဲ့ ဆေးခြောက်ပီကေ

ဆေးသိပ္ပံပညာရဲ့ လေ့လာချက်တွေအရ ဆေးခြောက်ဟာ ခန္ဓာကိုယ်ကြွက်သား နာကျင်ကိုက်ခဲခြင်းတွေအပြင် ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ နာတာရှည် ကျန်းမာရေး ပြဿနာတွေကို လျော့ပါးသက်သာစေနိုင်တယ်လို့ သိရပါတယ်။

လေ့လာချက်တွေအရ တနေ့မှာ ဆေးခြောက် ၃ ကြိမ် ရှူရှိုက်အသုံးပြုခြင်းဟာ နာတာရှည် နာကျင်ကိုက်ခဲမှုတွေကို ပျောက်ကင်းသက်သာစေနိုင်တယ်လို့ ဆေးမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ဒီလေ့လာချက်ကို အမေရိကန် နိုင်ငံလုံးဆိုင်ရာ ဥပဒေပြုညီလာခံ (National Conference of State Legislatures) က အတည်ပြုထားပြီး အမေရိကန်နိုင်ငံမှာတော့ ၂၉ ပြည်နယ်ကို ဆေးခြောက် တရားဝင် သုံးစွဲဖို့ ခွင့်ပြုထားပါတယ်။

နာတာရှည် နာကျင် ကိုက်ခဲမှုကို သက်သာစေဖို့ ဖန်တီးပြုလုပ်ထားတဲ့ ဆေးခြောက်ပီကေတွေကို ဆေးခြောက် တရားဝင် သုံးစွဲခွင့် ရှိတဲ့ နိုင်ငံတော်တော်များများမှာ တရားဝင် ထုတ်လုပ် ဖြန့်ချိ ရောင်းချနေပြီပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဆေးခြောက်ပီကေကို ကင်ဆာရောဂါဝေဒနာရှင်တွေ ကင်ဆာကုထုံး ကုသတဲ့အခါ နာကျင်မှုကို သက်သာစေဖို့ အသုံးပြုနေတာဖြစ်ပြီး အရိုးအဆစ်ရောင်ရောဂါ၊ နာတာရှည်ကြွက်သား နာကျင်ကိုက်ခဲမှု ရောဂါ၊ အိပ်မပျော်တဲ့ ရောဂါ၊ စိုးရိမ်ပူပန်မှု လွန်ကဲတဲ့ စိတ်ကျန်းမာရေး ပြဿနာ စတာတွေမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။

ဆေးခြောက်ရွက်ကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ ဆေးခြောက်ပီကေနဲ့ ဆေးခြောက် ဆေးတောင့် (Capsules) တွေဟာ ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုး မရှိတဲ့အပြင် ကိုယ်တွင်းအင်္ဂါနဲ့ ခံတွင်းကျန်းမာရေးကိုလည်း ထိခိုက်စေမှု မရှိနိုင်ဘူးလို့လည်း ဆေးပညာရှင်တွေက အတည်ပြုထားကြပါတယ်။

၂၀၀၈ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရ ဆေးခြောက် သုံးစွဲသူတွေဟာ ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှု ဝေဒနာ ခံစားရခြင်းကို ၆၀ ရာခိုင်နှုန်းခန့် လျော့ပါးစေနိုင်တယ်လို့ အမေရိကန် ဆေးပညာ ဂျာနယ်တခုမှာ ဖော်ပြခဲ့ဖူးပါတယ်။

လတ်တလောမှာတော့ ဆေးခြောက် တရားဝင် သုံးစွဲခွင့်ရှိတဲ့ နိုင်ငံတွေမှာ ဆေးခြောက် ပီကေကို ဆေးဆိုင်တိုင်းမှာ အလွယ်တကူ ဝယ်ယူရရှိနေတာဖြစ်ပြီး ဆေးသိပ္ပံ သုတေသနပညာရှင်တွေကတော့ ဆေးခြောက်ပီကေနဲ့ ပတ်သက်ပြီး သုတေသနတွေ ထပ်မံပြုလုပ်နေတယ်လို့ သိရပါတယ်။

Ref. www.healthyfoodhouse.com

You may also like these stories:

ဆေးခြောက်လုပ်ငန်း လောကထဲ ဝင်ရောက်လာတဲ့ အဆိုတော် Jay-Z

မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ဖမ်းဆီးခံရတဲ့ ထိုင်းအဆိုတော်ဟောင်း

ဆေးခြောက်နဲ့ သက်ဆိုင်တဲ့ သုသေသနတွေကို ပြုလုပ်တော့မယ့် ထိုင်းတက္ကသိုလ်

ဆေးခြောက်ကို ဆေးဝါးအဖြစ် တရားဝင်ခွင့်ပြုရန် ထိုင်း ပြင်ဆင်

Loading