တချို့သော အစားအစာတွေဟာ ကျန်းမာရေးအတွက် အကျိုးပြုစေနိုင်တာမှန်ပေမယ့် မစားသင့်တဲ့အချိန်မှာ စားမိရင်တော့ ကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျန်းမာရေးအတွက် အန္တရာယ် မဖြစ်စေဖို့ ရှောင်ကြဉ်စားရမယ့် အချိန်တွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
(၁) နွားနို့
လူတော်တော်များများဟာ တနေ့တာ အားအင် ပြည့်ဝနေစေဖို့အတွက် မနက်ခင်းမှာ နွားနို့ တခွက် သောက်သုံးခြင်းနဲ့ စတင်တတ်ပါတယ်။ ဆေးပညာရှင်တွေရဲ့အဆိုအရ မနက်ခင်းမှာ နွားနို့သောက်ခြင်းဟာ အစာချေဖျက်တဲ့ စနစ်ကို အနှောင့်အယှက် ဖြစ်စေပြီး ရင်ပူရင်ဆာ ဖြစ်စေနိုင်တာကြောင့် နွားနို့ကို မနက်ခင်းထက် ညနေပိုင်းတွေမှာ သောက်သုံးခြင်းက ပိုမိုသင့်တော်တယ်လို့ ဆိုပါတယ်။
(၂) အသား
အသားစားခြင်းဟာ ခန္ဓာကိုယ်အတွက် ပရိုတင်းဓာတ်တွေကို ဖြည့်တင်းပေးနိုင်တာ မှန်ပေမယ့် ညစာ စားချိန် (အထူးသဖြင့် အိပ်ရာဝင်ခါနီး အချိန်) တွေမှာ အသားတွေကို လျှော့စားသင့်ပါတယ်။ ညဘက်တွေမှာ အသားစားခြင်းဟာ ကိုယ်အလေးချိန်ကို ပိုမိုမြင့်တက်စေနိုင်သလို အစာချေဖျက်ရလည်း ခက်စေနိုင်ပါတယ်။
(၃) အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေ
အချဉ်ဓာတ် ပါဝင်တဲ့ အသီးအနှံတွေဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်ပေမယ့် အစားစားပြီးပြီးချင်းမှာတော့ မစားသင့်ပါဘူး။ အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေမှာ အက်ဆစ်ဓာတ် အများအပြား ပါဝင်တာကြောင့် အစာအိမ်ထဲမှာ အချဉ်ဓာတ် များပြားမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အစားစားပြီး အချိန်အတန်ကြာမှ အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေကို စားသုံးသင့်ပါတယ်။
(၄) ပဲအမျိုးမျိုး
အစာမကြေ ဖြစ်တတ်သူတွေအနေနဲ့ ပဲကို ညစာအဖြစ် စားသုံးခြင်းကနေ ရှောင်ကြဉ်သင့်ပါတယ်။ ပဲကို ညစာအဖြစ် စားသုံးခြင်းဟာ ဝမ်းဗိုက်ကို ပြည့်အင်စေတာကြောင့် ညအိပ် မပျော်တာမျိုး ဖြစ်စေနိုင်ပါတယ်။
(၅) အစေ့အဆန်များ
အစေ့အဆန်တွေဟာ ကျန်းမာရေးကို အကျိုးပြုစေနိုင်တာ မှန်ပေမယ့် အစာချေဖျက်ဖို့ အချိန်အတန်ကြာ လိုအပ်တာကြောင့် ညဘက်တွေမှာ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
Ref. brightside.me
You may also like these stories:
ကြက်သွန်နီစားခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူးများ
အအေးမိ၊ တုပ်ကွေး ဖျားနာခြင်းတွေကို ကာကွယ်ပေးနိုင်တဲ့ ကြက်သွန်ဖြူ
အစာအဆိပ်သင့်ခြင်း ဖြစ်ပေါ်စေတဲ့ အစားအစာ ၉ မျိုး
ဝိတ်ချနေသူတွေ ညဘက်မှာ စိတ်ချလက်ချ စားနိုင်မယ့် အစားအစာ ၅ မျိုး