မိုးရာသီဟာ ခြင်ပေါက်ဖွားလွယ်တဲ့ ရာသီဖြစ်တာကြောင့် ခြင်အန္တရာယ်ကို အထူး သတိထားရပါတယ်။ ခြင်ကိုက်ခြင်းကြောင့် ကူးစက်တတ်တဲ့ ရောဂါတွေကလည်း ဒီရာသီမှာ အဖြစ်များတာကြောင့် ခြင်မကိုက်အောင်၊ ခြင်တွေ အိမ်မှာ အောင်းမနေအောင် အထူး သတိထားရပါတယ်။ ဒါကြောင့်မို့လို့ ခြင်ကိုက်မခံရအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ပန်ကာ
ခြင်တွေဟာ သေးငယ်လွန်းတာကြောင့် လေနည်းနည်း ပြင်းပြီဆိုတာနဲ့ အနားကို ကပ်ဖို့ မလွယ်ကူတော့ပါဘူး။ ပန်ကာ ဖွင့်ထားရင်တောင်မှ ခြင်တွေဟာ လေလမ်းကြောင်းကို စောင့်ကြည့်ပြီး ပြောင်းလဲ ပျံတတ်တာဖြစ်လို့ ပန်ကာကို အသေရပ်ထားတာမျိုး မဟုတ်ဘဲ လှည့်တဲ့ ပုံစံနဲ့ ဖွင့်ဖို့ လိုအပ်ပါတယ်။
(၂) အရောင်ပါတဲ့ အဝတ်အစား
ခြင်တွေဟာ နေထွက်ချိန်ရော နေဝင်ချိန်မှာပါ ပိုပြီး ကိုက်လေ့ ရှိပါတယ်။ ဒါကြောင့် အနက်ရောင် ဒါမှမဟုတ် ခပ်မွဲမွဲအရောင်ရှိတဲ့ အဝတ်တွေ ဝတ်ထားတာက သူတို့ကို ကိုက်ဖို့ ဖိတ်ခေါ်နေသလိုပါပဲ။ သူတို့ဟာ မှောင်တဲ့ အရောင်တွေကို ပိုမြင်ရပြီး လင်းတဲ့ အရောင်တွေကို သိပ်မမြင်ရပါဘူး။ ခပ်တောက်တောက် အရောင်ပါတဲ့ အဝတ်တွေကို ဝတ်ခြင်းဟာ ခြင်ကိုက်ခံရဖို့ အခွင့်အရေး လျော့နည်းစေပါတယ်။ အဖြူရောင်အဝတ်ကို ဝတ်ခြင်းက သင့်ကို တခုခု စွန်းထင်သွားစေနိုင်တယ် ဆိုပေမယ့် ခြင်မကိုက်တာတော့ သေချာပါတယ်။
(၃) လာဗင်ဒါ
ခြင်စတဲ့ အင်းဆက်တွေဟာ လာဗင်ဒါပန်း အနံ့ကို မုန်းကြပါတယ်။ ဒါကြောင့် အဆင်ပြေမယ်ဆိုရင် လာဗင်ဒါပင် အနည်းငယ်ကို စိုက်ပျိုးထားတာမျိုးက သင့်အိမ်မှာ ခြင်တွေ အောင်းနေခြင်းကို လျော့နည်းသွားစေမှာ အသေအချာပါပဲ။ အပင်စိုက်ဖို့ အဆင်မပြေဘူးဆိုရင်တော့ လာဗင်ဒါ အဆီပါတဲ့ ခရင်မ်တမျိုးမျိုးကို သင့်အသားမှာ လိမ်းထားခြင်းနဲ့ ကာကွယ်နိုင်ပါတယ်။ ဒီလို ခရင်မ်ကို အိပ်ခါနီးမှာ လိမ်းတာက အကောင်းဆုံးဖြစ်ပြီး လာဗင်ဒါအနံ့က သင့်ကို အိပ်မောကျစေပါတယ်။
(၄) လေးညှင်းပွင့်
လာဗင်ဒါအပြင် ခြင်ကို ထပ်ပြေးစေတဲ့ အရာကတော့ လေးညှင်းပွင့်ပဲ ဖြစ်ပါတယ်။ ဇလုံတခုထဲမှာ ရေထည့်ပြီး လေးညှင်းပွင့် အနည်းငယ်ကို ထည့်ထားပါ။ စားပွဲခုံအောက် စတဲ့ ခြင်အောင်းနိုင်တဲ့ နေရာတွေမှာ အဲဒီရေဇလုံကို ချထားလိုက်ရင် ခြင်တွေ လာတာ သိသိသာသာ နည်းသွားပါလိမ့်မယ်။
Ref. Tips-and-tricks