တချို့သောသူတွေဟာ လူတွေထက် အရွယ်အစားအားဖြင့် ကြီးမားတဲ့ တိရစ္ဆာန်တွေနဲ့ နီးနီးကပ်ကပ် ထိတွေ့ရတာကို ကြောက်ရွံ့တတ်ကြပါတယ်။ ဒီလို ကြောက်ရွံ့ထိတ်လန့်မှုကို သုတေသနပညာရှင်တွေက ငြင်းဆိုကန့်ကွက်ခဲ့ကြပြီး အိမ်မွေးတိရစ္ဆာန်တွေနဲ့ နီးနီးကပ်ကပ် နေထိုင်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် များစွာအထောက်အကူ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
ကမ္ဘာတဝှမ်းက ကျန်းမာရေး လိုက်စားသူတွေကြား လတ်တလော ရေပန်းစားနေတာကတော့ Cow Therapy လို့ခေါ်တဲ့ နွားတွေအပေါ် မှီကာ အိပ်စက်အပန်းဖြေတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာအတွက် ကုသတဲ့ ကုထုံးနည်းလမ်း တခုဖြစ်ပြီး ရှေးယခင်ကတည်းက ရှိခဲ့တဲ့ နည်းလမ်းဟောင်းလည်း ဖြစ်ပါတယ်။
အရင်ခေတ်တုန်းကတော့ နွား၊ ဆိတ်၊ မြင်းစတဲ့ တိရစ္ဆာန်တွေကို အသုံးပြုခဲ့ကြပြီး လတ်တလော ရေပန်းစားနေတဲ့ ဒီကုထုံးမှာတော့ ပေါင် ၁,၀၀၀ ခန့် အလေးချိန်ရှိတဲ့ နွားတွေကို အဓိက အသုံးပြုထားပါတယ်။
ဒီကုထုံးကို ဝန်ဆောင်မှု ပေးနေတာကတော့ အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ “Mountain Horse Farm” ဆိုတဲ့ အပန်းဖြေအနားယူဖို့ ပြုလုပ်ထားတဲ့ ယာတောမြေမှာ ဖြစ်ပါတယ်။
Mountain House Farm ရဲ့ Website မှာဆိုရင်တော့ နွားတွေကို မှီကာ အနားယူ အပန်းဖြေနည်းရဲ့ ကောင်းကျိုးတွေကို ရှင်းလင်းဖော်ပြထားပြီး မွေးမြူရေးခြံမှာရှိတဲ့ နွားတွေ အားလုံးဟာ ကောင်းမွန်စွာ ပြုစုပျိုးထောင်ထားတာကြောင့် လူတွေနဲ့ယဉ်ပါးပြီး အန္တရာယ် မပြုနိုင်ကြောင်းကို သေချာရှင်းလင်း ဖော်ပြထားပါတယ်။
နွားတွေကို မှီကာ အနားယူ အပန်းဖြေခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး စိုးရိမ်ပူပန်မှုများခြင်းနဲ့ စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို သက်သာစေနိုင်တယ်လို့ စိတ်ပညာရှင်တွေက လေ့လာပြောဆိုထားကြပါတယ်။ နွားတွေနဲ့ အနားယူ အပန်းဖြေနိုင်မယ့် Cow Therapy အတွက် ၁ ဆက်ရှင် (1 Session) မိနစ် ၉၀ ကို ဒေါ်လာ ၃၀၀ ခန့် ကျသင့်မှာဖြစ်ပြီး မိနစ် ၆၀ စာအတွက် ဆိုရင်တော့ ၇၅ ဒေါ်လာခန့် ကျသင့်မှာ ဖြစ်ပါတယ်။
Ref. thewildchild.co.za
You may also like these stories:
ပိုက်ဆံမကုန်ဘဲ အနားယူလို့ရမယ့် နည်းလမ်းများ
ညဘက် အိပ်ရာဝင်နောက်ကျခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးများ
ကျန်းမာရေး ကောင်းမွန်လိုသူတိုင်း ရွေးချယ်သင့်တဲ့ ဟင်းချက်ဆီ ၅ မျိုး