လိင်ကိစ္စနဲ့ပတ်သက်ရင် ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာနာမည်ကြီး နိုင်ငံ တခုပါ။ ပတ္တရားမြို့ကို လူတွေ က လိင်မြို့တော်လို့ ခေါ်ဆိုကြပါတယ်။ ခန့်မှန်းခြေအားဖြင့်ဆိုရင် ပတ္တရားမှာ လိင်အလုပ်သမပေါင်း ၂၇၀၀၀ဦး နီးပါးရှိပါတယ်။
ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ HIV ပိုးရှိသူ မြင့်မားတဲ့နိုင်ငံ တနိုင်ငံဖြစ်ပေမယ့် ပြည့်တန်ဆာတွေမှာတော့ HIV ဖြစ်ပွားနှုန်း နည်းပါးတာကိုတွေ့ရတယ်လို့ UNICEF က ပြောပါတယ်။ နည်းပါးရတဲ့ အကြောင်းကတော့ ထိုင်းနိုင်ငံရဲ့ ပြည့်တန်ဆာတွေဟာ အခမဲ့ ကျန်းမာရေးဝန်ဆောင် မှုကို ရရှိတဲ့အတွက်ကြောင့်ပါ။
မကြာခဏဆိုသလိုလည်း HIV ကာကွယ်ခြင်းနဲ့ပတ်သက်ပြီး အသိ ပညာပေးလေ့ရှိပါတယ်။ ဒါကြောင့်လည်း ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ HIV ပိုးရှိသူ အရေအတွက် မြင့်မားတဲ့နိုင်ငံဖြစ်ပေမယ့် ပြည့်တန်ဆာတွေမှာတော့ HIV ဖြစ်ပွားမှုနှုန်း နည်းပါးရ တာပါ။
UNECEF ရဲ့အဆိုအရဆိုရင်တော့ ထိုင်းနိုင်ငံမှာ HIV ပိုးရှိနေတဲ့ ၇၀ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ် နဲ့ ၂၄ နှစ် အတွင်းက လူငယ်တွေလို့ သိရပါတယ်။ ဖြစ်ပွားရတဲ့ အကြောင်းရင်းကတော့ ယောကျ်ားချင်း အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာနဲ့ မူးယစ်ဆေးထိုးသွင်းချိန်မှာ အပ်တချောင်းတည်းကို အတူတူ အသုံးပြုကြတဲ့ ကိစ္စတွေကြောင့်ပါ။
ထိုင်းနိုင်ငံမှာလည်း ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်ပိုင်ခွင့်မပြုထားသလို မြန်မာနိုင်ငံမှာ လည်း ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်ကိုင်ခွင့်မပြုထားပါဘူး။ ဒါပေမဲ့ အခြေအနေချင်း က ကွာခြားလွန်းပါတယ်။
ထိုင်းနိုင်ငံရဲ့ ပြည့်တန်ဆာတွေဟာ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိပေမယ့် မြန်မာနိုင်ငံမှာ တော့ ဒီလိုအခွင့်အရေးမျိုး မရှိပါဘူး။ ထိုင်းနိုင်ငံက ပြည့်တန်ဆာလုပ်ငန်းကို Professional ဆန်ဆန် လုပ်ကိုင်နေတဲ့နိုင်ငံဖြစ်ပြီး နိုင်ငံခြားဝင်ငွေရအောင် ရှာဖွေပေးနေတဲ့ လုပ်ငန်းလည်း ဖြစ်ပါ တယ်။
Ref:voanews,en.wikipedia
You May Also Like This Story:
ကမ္ဘာ့လိင်မြို့တော် (သို့မဟုတ်) ထိုင်းနိုင်ငံက ပတ္တရားကမ်းခြေ