Health

ကမ္ဘာတဝှမ်းက ထူးထူးခြားခြား တိရစ္ဆာန်များနဲ့ နှိပ်ပေးတဲ့ ဝန်ဆောင်မှုများ

Want create site? Find Free WordPress Themes and plugins.

ခန္ဓာကိုယ်သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ကြွက်သားနာကျင်တာတွေကို ပြေလျော့စေတာကြောင့် လူတော်တော်များများဟာ အနှိပ်ခံရတာကို ကြိုက်နှစ်သက်ကြပါတယ်။ လူအချင်းချင်း နှိပ်နယ်ပေးတာမျိုးကိုပဲ လူသိများကြပြီး အခုဖော်ပြပေးမှာကတော့ တိရစ္ဆာန်တွေကနေ နှိပ်နယ်ပေးတဲ့ တိရစ္ဆာန်အနှိပ်ဝန်ဆောင်မှု တွေအကြောင်းပဲဖြစ်ပါတယ်။

(၁) Snake Massage

မြွေနဲ့အနှိပ်ခံတဲ့ Snake Massage ဟာဆိုရင်တော့ အစ္စရေးနိုင်ငံကနေ စတင်ခဲ့တာဖြစ်ပြီး လဲလျောင်းအိပ်စက်နေတဲ့ ခန္ဓာကိုယ်ပေါ်ကို အလေးချိန်ပေါင် ၅၀၀ လောက်ရှိပြီး ၃၃ ပေခန့်ရှည်လျားတဲ့ မြွေကိုတင်ထားတာမျိုးဖြစ်ပါတယ်။ မြွေမာဆက်မှာ အသုံးပြုတဲ့ မြွေတွေဟာ ကြောက်စရာကောင်းပေမယ့် အဆိပ်မရှိတဲ့ မြွေတွေဖြစ်ပြီး မြွေနဲ့ အနှိပ်ခံခြင်း ဟာ ကိုယ်တွင်းသွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ကြွက်သားနာကျင်မှုတွေကို သက်သာ စေနိုင်တယ် လို့ သိရပါတယ်။

(၂) Snail Massage

ခရုနဲ့ အနှိပ်ခံတဲ့ Snail Massage ကတော့ မျက်နှာအသားအရေပေါ်ကိုပဲ နှိပ်နယ်တာမျိုးဖြစ်ပြီး အခုနောက်ပိုင်းမှာ ခေတ်စားနေတဲ့ အလှအပကုထုံးတမျိုးလည်း ဖြစ်ပါတယ်။ ခရုကထွက်တဲ့ သဘာဝအချွဲတွေဟာ အရေးအကြောင်း တွေကို ပျောက်ကင်းစေနိုင်ပြီး အသားအရေကို တင်းရင်းကြည်လင်စေတာကြောင့် ဂျပန်၊ရုရှားနဲ့ ဥရောပနိုင်ငံတွေမှာ ရေပန်းစားလျက်ရှိနေပါတယ်။

(၃) Elephant Massage

ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေ ကြိုက်နှစ်သက်ကြတဲ့ အနှိပ်ဝန်ဆောင်မှုတမျိုးဖြစ်ပြီး မြေကြီးပေါ်မှာ လဲလျောင်းနေတဲ့ လူရဲ့ကျောပေါ်ကို ဆင်က အသာအယာနင်းပေးတာမျိုးပဲ ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုကို ပြုလုပ်ပေးတဲ့ ဆင်တွေဟာ ဆင်စခန်းမှာ သင်ကြားထားပြီး လူတွေနဲ့ယဉ်ပါးနေတဲ့ဆင်တွေ ဖြစ်တာကြောင့်လည်း နိုင်ငံခြားသားဧည့်သည်တွေဟာ ယုံယုံကြည်ကြည်နဲ့ အနှိပ်ခံကြတာပါ။

(၄) Cat Massage

ဒါကတော့ ရှေ့မှာဖော်ပြခဲ့တဲ့ အနှိပ်ဝန်ဆောင်မှုတွေလို ကြောက်စရာမကောင်းဘဲ ကြောင်လေးတွေက နှိပ်နယ်ပေးမှာ ဖြစ်တာကြောင့် စိတ်အေးအေးနဲ့ အနှိပ်ခံနိုင်မှာပါ။ လဲလျောင်းနေတဲ့ လူရဲ့ကျောကုန်းပေါ်ကို ကြောင်လေးတွေက တက်ပြီးနှိပ်နယ်ပေးတာမျိုးဖြစ်ပါတယ်။

Ref. www.theclever.com

You may also like these stories:

လူတိုင်းသိထားသင့်တဲ့ ကျန်းမာရေး ကောင်းမွန်စေမယ့် လွယ်လွယ်ကူကူ နှိပ်နယ်နည်းများ

“အသည်းကျန်းမာရေး” အတွက် အထောက်အကူပြုတဲ့ အစားအစာ ၁၀ မျိုး

ထမင်းဖြူ စားသုံးခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုး၊ ဆိုးကျိုးများ

Did you find apk for android? You can find new Free Android Games and apps.
Loading