Health

အစားစားတဲ့အခါ လက်နဲ့စားခြင်းက ကျန်းမာရေးကို ပိုမိုကောင်းမွန်စေနိုင်

Want create site? Find Free WordPress Themes and plugins.

လက်နဲ့ ထမင်းစားတဲ့ အလေ့အထဟာ မြန်မာလူမျိုးတွေအတွက် သိပ်မစိမ်းတဲ့ အလေ့အကျင့်တခုဖြစ်ပြီး အိန္ဒိယ၊ ဂရိနဲ့ အီဂျစ်တို့မှာလည်း ဒီလို အလေ့အကျင့်မျိုး ရှေးယခင်တည်းက ရှိခဲ့တာပါ။ ဆေးပညာရှင်တွေရဲ့ လေ့လာမှုအရ လက်နဲ့ ကိုင်တွယ်ပြီး အစားစားခြင်းဟာ ဇွန်း၊ ခက်ရင်း အသုံးပြုပြီး စားခြင်းထက် ကျန်းမာရေးကို ပိုမို အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

အခုဖော်ပြပေးမှာကတော့ အစားစားတဲ့အခါ လက်နဲ့ကိုင်တွယ်ပြီး စားခြင်းကြောင့် ရရှိနိုင်မယ့် ကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။

(၁) အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေတယ်

လူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ လက်၊ လည်ပင်း၊ ပါးစပ်နဲ့ အူတို့မှာ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေ မဟုတ်တဲ့ သဘာဝ ဘက်တီးရီးယားတွေ ရှိနေပါတယ်။ လက်ဆေးပြီးတဲ့ အခါမှာဆိုရင်လည်း ခန္ဓာကိုယ်ကို အကျိုးရှိစေတဲ့ ဘက်တီးရီးယားတွေဟာ ဆက်လက် ကျန်ရှိနေသေးတာကြောင့် လက်နဲ့ အစားစားတဲ့အခါ အစာခြေစနစ်ကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

(၂) ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်တယ်

တချို့သော သူတွေဟာ တခုခုကို ပြုလုပ်ရင်း အစားစားတတ်ကြပါတယ်။ သတင်းစာဖတ်ရင်း၊ ဖုန်းအသုံးပြုရင်း ဒါမှမဟုတ် လုပ်လက်စအလုပ်ကို လုပ်ရင်း စားတတ်တာကြောင့် အစားစားခြင်းအပေါ် အာရုံ မစိုက်နိုင်ဘဲ လိုတာထက်ပိုပြီး စားမိတတ်ကြပါတယ်။ လက်နဲ့ အစားစားတဲ့ အခါမှာတော့ အစားစားခြင်းကိုသာ အာရုံရနေတာဖြစ်တဲ့အတွက် လိုတာထက် ပိုမစားမိတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းရာလည်း ရောက်ပါတယ်။

(၃) အမျိုးအစား ၂ ဆီးချို ရောဂါ ဖြစ်နိုင်ခြေကို ကာကွယ်ပေးနိုင်တယ်

လေ့လာမှုတွေအရ အစားစားတဲ့အခါ ဇွန်းကိုအသုံးပြုပြီး စားခြင်းဟာ လက်နဲ့ကိုင်တွယ်စားခြင်းထက် များများ ပိုစားမိစေနိုင်တဲ့အပြင် ခပ်မြန်မြန်လည်း စားမိတာကြောင့် သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေကာ ဆီးချိုဖြစ်နိုင်ခြေ များစေပါတယ်။ လက်နဲ့ စားတဲ့အခါ များများလည်း မစားမိစေနိုင်သလို အလျင်စလိုလည်း မစားမိနိုင်တာကြောင့် ဆီးချို ဖြစ်နိုင်ခြေကို ကာကွယ်ပေးနိုင်ပါတယ်။

(၄) ကိုယ်တွင်း သွေးလည်ပတ်မှုကို ကောင်းမွန်စေနိုင်တယ်

လက်နဲ့ ကိုင်တွယ်ပြီး အစားစားခြင်းဟာ လက်မှာရှိတဲ့ ကြွက်သားတွေနဲ့ အာရုံကြောတွေကို နှိုးဆွပေးတာကြောင့် ကိုယ်တွင်း သွေးလည်ပတ်မှုကို ကောင်းမွန်စေနိုင်ပါတယ်။

Ref. food.ndtv.com

You may also like these stories:

ကျန်းမာရေးအတွက် ဆန်လုံးညိုကို စားပေးသင့်တဲ့ အကြောင်းရင်း

မနက်အိပ်ရာနိုးနိုးချင်း ရေသောက်ခြင်းရဲ့ အံအားသင့်ဖွယ် ကျန်းမာရေး အကျိုးကျေးဇူးများ

ခရမ်းရောင်သမ်းတဲ့ အသီးအနှံတွေ စားသုံးပေးခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး ၅ ခု

ပဲနီလေး စားသုံးခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုး ၅ ခု

Did you find apk for android? You can find new Free Android Games and apps.
Loading