အမျိုးသမီးတွေဟာ အပြင်ပုံပန်းသွင်ပြင်အရ အမျိုးသားတွေထက် အားနည်းတယ်လို့ ထင်ရပေမယ့် အခုဖော်ပြပေးမယ့် စူပါပါဝါတွေကတော့ အမျိုးသမီးတွေမှာပဲ ရှိတာဖြစ်ပါတယ်။
(၁) ကိုယ်ခံအားစနစ်ပိုမို ကောင်းမွန်ကြတယ်
လူတွေရဲ့အမြင်မှာတော့ အမျိုးသမီးတွေဟာ အားနွဲ့သူတွေလို့ ထင်ရပေမယ့် ဆေးပညာရှင်တွေရဲ့လေ့လာချက်အရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ခန္ဓာကိုယ်ခုခံအားစနစ် ပိုမိုကောင်းမွန်ကြတယ်လို့ သိရပါတယ်။ အသက်ကြီး လာတာနဲ့အမျှ ကိုယ်ခံအားစနစ်အားနည်းလာတတ်ကြပေမယ့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ပိုပြီး အသက်ပိုရှည်တတ်ကြပြီး ဒါဟာ ကိုယ်ခံအားစနစ်နဲ့လည်း ဆက်စပ်နေတယ်လို့ ဆေးပညာရှင်တွေရဲ့ လေ့လာချက်တွေက ဆိုပါတယ်။
(၂) အန္တရာယ်ကို ကြိုမြင်နိုင်တဲ့ အာရုံခံစားမှုရှိကြတယ်
၂၀၁၂ ခုနှစ် ဂျပန်နိုင်ငံကျိုတိုတက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့လေ့လာချက်တွေအရ အမျိုးသမီးတွေဟာ အမျိုးသား တွေထက် အန္တရာယ်ကို ကြိုမြင်နိုင်တဲ့ အာရုံခံစားမှုရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ အမျိုးသမီးတွေမှာရှိတဲ့ အမျိုးသမီး ဟော်မုန်းတွေကြောင့်ဖြစ်ပြီး အထူးသဖြင့် ဓမ္မတာလာနေစဉ်အချိန်တွေမှာ အာရုံခံစားမှုပိုမိုအားကောင်းလေ့ ရှိတယ်လို့လည်း သိရပါတယ်။
(၃) အရောင်တွေကို မှတ်နိုင်စွမ်းပိုမို အားကောင်းကြတယ်
လေ့လာမှုတွေအရ အမျိုးသမီးတွေဟာ အရောင် Colour တွေကို ခွဲခြားမှတ်မိနိုင်စွမ်းမှာ အမျိုးသားတွေထက်ပိုမို အားကောင်းကြပြီး အမျိုးသမီးတွေဟာ အရောင်ကွဲပေါင်း ၁၀၀ မီလျံလောက်ကို ခွဲခြားမှတ်မိနိုင်စွမ်းရှိကြတယ်လို့ သိရပါတယ်။
(၄) တပြိုင်နက်တည်း အလုပ်နှစ်ခုကို အာရုံစိုက်နိုင်စွမ်းရှိကြတယ်
ဒါကတော့ ဆေးပညာရှင်တွေရော သိပ္ပံပညာရှင်တွေပါ အတည်ပြုထားကြတဲ့ အမျိုးသမီးတွေရဲ့ စူပါပါဝါတမျိုးဖြစ်ပြီး တပြိုင်နက်တည်းမှာ အလုပ်နှစ်ခုကို အာရုံစိုက်နိုင်စွမ်းမှာ အမျိုးသားတွေက အမျိုးသမီးတွေထက် အင်မတန် အားနည်းကြပါတယ်။
(၅) အမျိုးသမီးတွေရဲ့ မျက်ရည်ဟာ အမျိုးသားတွေအပေါ် ချုပ်ကိုင်နိုင်စွမ်း ရှိကြတယ်
လေ့လာမှုတွေအရ အမျိုးသမီးတွေရဲ့မျက်ရည်မှာ အမျိုးအမည်မသိတဲ့ Chemical တမျိုးပါဝင်ပြီး ဒါဟာ အမျိုးသားတွေရဲ့ စိတ်နှလုံးကို နူးညံ့သွားစေပြီး အလိုရှိရာကို ထိန်းချုပ်နိုင်စွမ်းရှိကြတယ်လို့ ဆိုပါတယ်။
Ref. listverse.com