နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေဟာ ခန္ဓာကိုယ် ကျန်းမာရေးအပေါ်မှာသာ သက်ရောက်မှု ရှိတာ မဟုတ်ဘဲ အသားအရေ ကျန်းမာရေးပေါ်ကိုပါ သက်ရောက်နေတာပါ။ အသားအရေ ကျန်းမာရေးပြဿနာ အများစုဟာ သင့်ရဲ့စားသောက်မှုပုံစံ မှားယွင်းနေကြောင်း ဖော်ပြနေတာဖြစ်ပြီး ဘယ်လို နည်းလမ်းတွေနဲ့ သတိပေးနေတယ်ဆိုတာကို ဖော်ပြပေးချင်ပါတယ်။
(၁) ဝက်ခြံ
အသားအရေ ကျန်းမာရေး ပြဿနာတခုဖြစ်တဲ့ ဝက်ခြံဟာဆိုရင် အငန်ဓာတ်များတဲ့ အစားအစာတွေ စားသုံးမှု များတဲ့အခါ ဖြစ်ပေါ်တတ်ပါတယ်။ သင်ဟာ မကြာခဏ ဝက်ခြံပေါက်တတ်သူတဦး ဆိုရင်တော့ အသားအရေ ထိန်းသိမ်းမှုတွေ ပြုလုပ်ဖို့ လိုအပ်သလို အငန်ဓာတ် လျှော့စားဖို့လည်း သတိထားသင့်ပါတယ်။
(၂) အသားအရေ ခြောက်သွေ့ခြင်း
အစိုဓာတ်ပါတဲ့ အရေပြားလိမ်း ခရင်မ်တွေ အသုံးပြုနေပေမယ့် အသားအရေဟာ ပုံမှန်ထက် မွဲခြောက်ကြမ်းတမ်းနေတယ်ဆိုရင်တော့ သင်ဟာ ရေသောက် နည်းတာကြောင့် ရေဓာတ် ခမ်းခြောက်နေတာကို ဖော်ပြနေတာပါ။ ဒီလိုအခြေအနေမျိုးမှာ သင့်အနေနဲ့ ရေများများ သောက်ပေးသင့်သလို အရည်ရွှမ်းတဲ့ အသီးအနှံတွေကိုလည်း များများ စားသုံးပေးသင့်ပါတယ်။
(၃) မျက်နှာ ဖောင်းအစ်ခြင်း
သာမန်ထက်ပိုပြီး မျက်နှာဖောင်းအစ်တာဟာ ခန္ဓာကိုယ်မှာ ကောင်းမွန်တဲ့ အဆီဓာတ်တွေ (ဥမာအားဖြင့် အစေ့အဆန်တွေနဲ့ အစေ့အဆန်တွေကနေ ရတဲ့ဆီ) လိုအပ်နေတာကို ပြသနေတဲ့ လက္ခဏာတခု ဖြစ်ပါတယ်။
(၄) အရေးအကြောင်းများ ထွက်ပေါ်ခြင်း
အသက်အရွယ်ကြောင့် မဟုတ်ဘဲ အရွယ် မတိုင်ခင် အရေးအကြောင်းတွေ ထွက်ပေါ်တာဟာ အမျှင်ဓာတ်၊ ပရိုတင်းနဲ သတ္တုဓာတ်တွေ လုံလောက်မှု မရှိတဲ့ အခါမျိုးမှာ အသားအရေကနေ သတိပေးနေတဲ့ လက္ခဏာတမျိုးပဲ ဖြစ်ပါတယ်။
Ref. food.ndtv.com
You may also like these stories:
အသားအရေကို ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးစေနိုင်တဲ့ အစားအစာများ
အသားအရေအလှအပအတွက် အသုံးဝင်တဲ့ မြင်းခွာရွက်
နေလောင်သွားတဲ့ အသားအရေကို ပြန်လည် ဖြူဝင်းလာစေနိုင်မယ့် နည်းလမ်းကောင်းများ