ကျန်းမာရေး ချို့တဲ့တဲ့ အခါမျိုးမှ ခန္ဓာကိုယ်က ထူးဆန်းတဲ့ လက္ခဏာတွေနဲ့ သတိပေး ပြသတတ်တာမျိုး မဟုတ်ဘဲ သင်ဟာ ကျန်းမာရေး ကောင်းမွန်သူ တယောက် ဖြစ်တယ်ဆိုတာကို အခုဖော်ပြပေးမယ့် လက္ခဏာတွေနဲ့လည်း သိရှိနိုင်ပါတယ်။
(၁) အရေခွံ ကွာခြင်း
တချို့သော သူတွေဟာ ဆောင်းတွင်းမှာမှ မဟုတ်ဘဲ လက်ဖဝါး၊ ခြေဖဝါးတွေဟာ သူ့အလိုလို အရေခွံကွာတာမျိုး ဖြစ်ပေါ်တတ်ပြီး ဒါဟာ ကျန်းမာရေး ကောင်းမွန်တဲ့ လက္ခဏာတခု ဖြစ်တဲ့အပြင် အရေပြားပေါ်က ဆဲလ်သေတွေ သူ့အလိုလို ကွာကျတာဖြစ်တဲ့အတွက် အရေပြား ကျန်းမာရေး ကောင်းမွန်ကြောင်းကိုလည်း ပြသနေတာ ဖြစ်ပါတယ်။
(၂) ခြေဖနောင့် အသားမာတက်ခြင်း
သင့်ရဲ့ခြေဖနောင့်မှာ မာကြောကြောဖြစ်နေတယ်လို့ ခံစားရပြီး ခြေဖနောင့် အသားမာ တက်နေခြင်းဟာ စိုးရိမ်စရာ လက္ခဏာတခု မဟုတ်ဘဲ ဒါဟာ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု ကောင်းမွန်ကြောင်းကို ပြသနေတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။
(၃) လေလည်ခြင်း
လေလည်တာဟာ ကျန်းမာရေး ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပြီး တနေ့မှာ အကြိမ် ၂၀ ခန့် လေလည်ခြင်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေး ပြဿနာတွေကို လျော့ပါးစေနိုင်တယ်လု့ိ ဆေးပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။
(၄) နှပ်ချေးထွက်ခြင်း
နှာစေးမှ နှပ်ချေးထွက်တာမျိုး မဟုတ်ဘဲ နေ့စဉ် ပုံမှန်နှပ်ချေးထွက်ခြင်းဟာ ပြင်ပက ဖုန်မှုန့်၊ အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေကို ကာကွယ်ပေးတဲ့ ဖြစ်စဉ်တခု ဖြစ်တာကြောင့် အဆုတ် ကျန်းမာရေးနဲ့ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။
(၅) ဝမ်းဗိုက်ထဲက အသံမြည်ခြင်း
ဗိုက်ဆာလို့ ဝမ်းဗိုက်က အသံမြည်တာမျိုး မဟုတ်ဘဲ ဗိုက်ထဲကနေ ဂွီဂွီဂွမ်ဂွမ် အသံမျိုးမြည်တာမျိုးဟာ အစာခြေလမ်းကြောင်းစနစ် ကောင်းမွန်ကြောင်းနဲ့ ဝမ်းဗိုက်ကျန်းမာရေး ကောင်းမွန်တယ်ဆိုတာကို ပြသနေတဲ့ လက္ခဏာတခုပဲ ဖြစ်ပါတယ်။
Ref. www.bustle.com
You may also like these stories:
ဝမ်းဗိုက်နာကျင်မှု နေရာတွေပေါ်မူတည်ပြီး သိနိုင်တဲ့ ရောဂါများ
သင့်ရဲ့လျှာကနေတဆင့် သိနိုင်မယ့် သင့်ကျန်းမာရေး အခြေအနေ
မိုးရာသီမှာ အဖြစ်များတဲ့ အရေပြား ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းများ