မိုးရာသီမှာ ခြေထောက်အရေပြား မှိုစွဲတာ မဖြစ်အောင် ဘယ်လိုဂရုစိုက်မလဲ
အခုလို စိုစွတ်မှုများတဲ့ မိုးရာသီမှာ နေ့စဉ်လှုပ်ရှား သွားလာနေရသူတွေအဖို့ ခြေထောက်က အမြဲလိုလို မိုးရေတွေနဲ့ စိုစွတ်ပြီး ခြေထောက်တွေ ယားယံတာ၊ အရေပြားမှိုစွဲတာနဲ့ ခြေထောက်ကနေ အနံ့ဆိုးထွက်တာမျိုးတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ မိုးရာသီမှာ မိုးရေစိုစွတ်မှုကြောင့် ခြေထောက်အရေပြား ပြဿနာတွေ မဖြစ်ပေါ်နိုင်အောင် ဂရုစိုက်နိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) သံပရာသီးကို အသုံးပြုပါ
ရေချိုးခါနီးအချိန်တွေမှာ ရေခပ်နွေးနွေးထဲကို သံပရာရည် အနည်းငယ် ညှစ်ထည့်ပြီး ခြေထောက် ထည့်စိမ်ကာ သန့်ရှင်းရေး ပြုလုပ်ပေးခြင်းက ခြေထောက် အနံ့ဆိုးထွက်ခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် ခြေထောက်မှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်ပါတယ်။
(၂) ခြေသည်းတိုတို ညှပ်ပါ
အခုလို စိုစွတ်ထိုင်းမှိုင်းတဲ့ မိုးရာသီမှာ ခြေသည်းတိုတို ညှပ်ထားခြင်းက ခြေသည်းအတွင်း ပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်သလို မတော်တဆ ထိခိုက်ဒဏ်ရာ ဖြစ်ခြင်းကနေလည်း ကာကွယ်ပေးနိုင်မှာပါ။
(၃) ဆားရည် စိမ်ပေးပါ
သံပရာရည် ညှစ်ထားတဲ့ ရေခပ်နွေးနွေးနဲ့ စိမ်ပေးသလိုမျိုးပဲ ဆားရည် ခပ်နွေးနွေးနဲ့ ခြေထောက်စိမ်ပေးခြင်းဟာ ညောင်းညာ ကိုက်ခဲမှုတွေကို ပြေပျောက်စေနိုင်တဲ့အပြင် ခြေထောက်အရေပြား ယားယံခြင်းကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
(၄) ခြောက်သွေ့ဖို့ မြန်တဲ့ ဖိနပ်တွေကို ရွေးချယ်စီးပါ
မိုးတွင်းမှာ ခြောက်သွေ့ဖို့ ခက်တဲ့ ရှုးဖိနပ်တွေ၊ ဒေါက်ဖိနပ်တွေအစား မိုးရေ စိုလာတဲ့အခါ အလျင်အမြန် ခြောက်သွေ့နိုင်တဲ့ မိုးတွင်းစီး ဖိနပ်မျိုးတွေကို ရွေးချယ်စီ းနင်းသင့်ပါတယ်။
(၅) ခြေထောက်ကို သန့်ရှင်း ခြောက်သွေ့အောင် ထားပါ
အပြင်က ပြန်လာလို့ မိုးစိုလာတဲ့အခါတိုင်း ခြေထောက် ယားယံတာမျိုးနဲ့ ခြေချောင်းမှာ အနာဖြစ်တာမျိုးတွေ မဖြစ်ပေါ်စေဖို့ သေချာစွာ ဆေးကြောပြီး ခြောက်သွေ့အောင် ထားပေးသင့်ပါတယ်။
Ref. swirlster.ndtv.com
You may also like these stories:
မိုးရာသီမှာ ဘယ်လို ဖက်ရှင်တွေ ဝတ်ဆင်မလဲ
မိုးရာသီမှာ လုံခြုံပြီးနွေးထွေးအောင် ဘယ်လိုနေကြမလဲ