Health

အသားအရေ အလှအပအတွက် နဂါးမောက်သီးရဲ့ အကျိုးပြုပုံများ

Want create site? Find Free WordPress Themes and plugins.

ကျန်းမာရေးအတွက် သာမက အသားအရေ အလှအပအတွက်ပါ အကျိုးရှိစေတဲ့ အသီးအနှံတွေထဲမှာ နဂါးမောက်သီးလည်း ပါဝင်ပါတယ်။ ဗီတာမင်၊ Antioxidant နဲ့ တခြားသော အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အခုဖော်ပြပေးမယ့် အသားအရေ ပြဿနာတွေကို ကုသပေးနိုင်ပါတယ်။

(၁) နေလောင်ခြင်းကို ပြန်လည် သက်သာစေနိုင်တယ်

နဂါးမောက်သီးမှာ ဗီတာမင် B3 အမြောက်အများ ပါဝင်တာကြောင့် နေလောင်ထားတဲ့ အသားအရေကို ကုသပေးနိုင်ပြီး နေလောင်ခြင်းကြောင့်ဖြစ်တဲ့ အသားအရေ နီမြန်း ရောင်ရမ်းခြင်းကိုပါ သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၂) ဝက်ခြံတွေကို ပျောက်ကင်းစေနိုင်တယ်

နဂါးမောက်သီးဟာ ဗီတာမင်စီနဲ့ Antioxidant ကြွယ်ဝတဲ့ အသီးအနှံတမျိုး ဖြစ်တဲ့အတွက် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်တဲ့ ဝက်ခြံတွေကို ထိရောက်စွာ သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ နဂါးမောက်သီး တလုံးကို ကြိတ်ချေပြီး ရလာတဲ့ အနှစ်ရည်နဲ့ ဝက်ခြံ ဖြစ်နေတဲ့ မျက်နှာ အသားအရေပေါ် ပေါင်းတင်ပေးနိုင်ပါတယ်။

(၃) အသားအရေကို စိုပြည် ကြည်လင်စေတယ်

နဂါးမောက်သီးမှာ ပါဝင်တဲ့ ဗီတာမင်စီ ဓာတ်ဟာ မွဲခြောက် ကြမ်းတမ်းနေတဲ့ အသားအရေနဲ့ ပျက်စီးနေတဲ့ အသားအရေတို့ကို ပြန်လည် စိုပြည် ကြည်လင်အောင် ကုသပေးနိုင်ပါတယ်။

(၄) အရေးအကြောင်းတွေကို လျော့ပါးစေတယ်

အသက်အရွယ်ကြောင့် မဟုတ်ဘဲ နေ့စဉ် လူနေမှုဘဝမှာ ကြုံတွေ့ရတဲ့ အိပ်ရေးပျက်ခြင်း၊ အာဟာရ ပြည့်ဝတဲ့ အစားအသောက်တွေ စားသုံးမှု နည်းပါးခြင်းနဲ့ နေလောင်ဒဏ်တွေဟာ အရေးအကြောင်းတွေကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလို အရေးကြောင်း ဖြစ်ုခင်းတွေကို နဂါးမောက်သီး စားသုံးခြင်းကနေ သက်သာစေနိုင်သလို Facial Mask အဖြစ် အသုံးပြုခြင်းကလည်း ကုသပေးနိုင်ပါတယ်။

(၅) အသားအရေကို ရေဓာတ် ဖြည့်တင်းပေးနိုင်တယ်

နဂါးမောက်သီးမှာ ရေဓာတ် ၈၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် အသားအရေကို ရေဓာတ် ဖြည့်တင်းပေးနိုင်ပြီး အရေပြား ခြောက်သွေ့ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

Ref. food.ndtv.com

You may also like these stories:

နဂါးမောက်သီး စားသုံးခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး ၅ ခု

သရက်သီးစားသုံးခြင်းကနေ ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးများ

Did you find apk for android? You can find new Free Android Games and apps.
Loading