Health

ကျန်းမာရေးအတွက် ကန်စွန်းရိုးနီရဲ့ အကျိုးပြုပုံများ

Want create site? Find Free WordPress Themes and plugins.

အခုလို မိုးရာသီကာလမှာ ပေါပေါများများတွေ့ရတတ်ပြီး ဈေးနှုန်းအားဖြင့်လည်း ချိုသာတဲ့ လယ်ကန်စွန်းလို့ ခေါ်တဲ့ ကန်စွန်းရိုးနီဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် ကောင်းကျိုးတွေများစွာ ရှိပါတယ်။

ကန်စွန်းရိုးနီမှာ အစာချေဖျက်ခြင်းစနစ်ကို အားကောင်းစေတဲ့ အမျှင်ဓာတ်၊ သံဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်စီ စတဲ့ အာဟာရဓာတ်တွေ ပါဝင်ပြီး ကျန်းမာရေးအတွက် ကန်စွန်းရိုးနီရဲ့ အကျိုးပြုပုံတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အသည်းကျန်းမာရေး ပြဿနာတွေကို သက်သာစေနိုင်တယ်

ကန်စွန်းရိုးနီကို အာယုဗေဒ ဆေးပညာမှာ အသားဝါရောဂါနဲ့ အသည်းကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်တဲ့အခါ အသုံးပြုကုသလေ့ ရှိကြပါတယ်။ အစားအစာတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေနဲ့ အရက် အလွန်အကျွံ သောက်သုံးခြင်းကြောင့် ဖြစ်ပေါ်တဲ့ အသည်းရောဂါတွေကို ကန်စွန်းရိုးနီ ပြုတ်ရည်နဲ့ ကန်စွန်းရိုးနီ စားသုံးခြင်းက သက်သာစေနိုင်တယ်လို့ အာယုဗေဒ ဆေးပညာကျမ်းတွေမှာ ဖော်ပြထားပါတယ်။

(၂) သွေးအားနည်းခြင်းကို သက်သာ ပျောက်ကင်းစေနိုင်တယ်

ကန်စွန်းရိုးနီမှာ သံဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် အမျိုးသမီးတွေမှာ ဖြစ်လေ့ ရှိတဲ့ သွေးအားနည်းရောဂါနဲ့ ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပေါ်တဲ့ ကိုယ်ဝန်ဆောင် သွေးအားနည်းရောဂါတို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၃) အမြင်အာရုံကို ကောင်းမွန်စေတယ်

ကန်စွန်းရိုးနီမှာ ဗီတာမင်အေ၊ Lutein နဲ့ Carotenoid တို့ မြင့်မားစွာ ပါဝင်တာကြောင့် အသက်အရွယ်ကြောင့် အမြင်အာရုံ လျော့နည်းလာခြင်းနဲ့ မျက်စိမှုန်ခြင်း တို့ကို သက်သာပျောက်ကင်းစေနိုင်ပြီး မျက်လုံးကျန်းမာရေး ပြဿနာတွေ မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၄) နှလုံးကျန်းမာရေး ပြဿနာတွေကို လျော့နည်းစေနိုင်တယ်

ကန်စွန်းရိုးနီမှာ ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ ဘီတာ ကယ်ရိုတင်တို့ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်တွင်း ကိုလက်စထရော မြင့်မားမှုကြောင့် နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးအဆီဖုံးခြင်း၊ ရုတ်တရက် နှလုံးရပ်တန့်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကို လျော့နည်းစေနိုင်ပါတယ်။

(၅) ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်

ကန်စွန်းရိုးနီမှာ ပါဝင်တဲ့ ဗီတာမင်စီ ဓာတ်ဟာ ခန္ဓာကိုယ် ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ကိုယ်တွင်း အဆိပ်အတောက်တွေကို လျှော့ချပေးနိုင်တာကြောင့် ကူးစက်ရောဂါနဲ့ အအေးမိ ဖျားနာခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။

Ref. www.stylecraze.com

You may also like these stories:

ဆွမ်းမွှေးရွက်ရဲ့ ကျန်းမာရေး ကောင်းကျိုးများ

ကျန်းမာရေးအတွက် ဆန်လုံးညိုကို စားပေးသင့်တဲ့ အကြောင်းရင်း

ပင်ပွားစေ့ရဲ့ ကျန်းမာရေးကောင်းကျိုးများ

စပျစ်သီးစားတဲ့အခါ အစေ့ပါ ဝါးစားသင့်တဲ့ အကြောင်းရင်း

Did you find apk for android? You can find new Free Android Games and apps.
Loading