မိုးရာသီရဲ့ စိုစွတ်ထိုင်းမှိုင်းတဲ့ ပတ်ဝန်းကျင်အခြေအနေဟာ ဦးရေပြားပေါ်ကို ဘက်တီးရီးယားတွေ ပေါက်ဖွားရှင်သန်စေနိုင်ပြီး မိုးရေထိတဲ့အခါ ဦးရေပြားယားယံပြီး ဗောက်ထခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် ဒီလိုပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) သံပရာရည်
သံပရာသီးမှာပါဝင်တဲ့ အက်ဆစ်ဓာတ်ဟာ မိုးရေထိလို့ ဦးရေပြားယားယံခြင်းကို သက်သာစေနိုင်တာကြောင့် ခေါင်းမလျှော်ခင် ဦးရေပြားကို သံပရာသီးနဲ့ပွတ်ပြီးမှ လျှော်ပေးခြင်းက ဗောက်ထခြင်းကို ပျောက်ကင်းစေနိုင်တဲ့အပြင် မိုးရေနဲ့ချွေးကြောင့် ခေါင်းအနံ့နံခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။
(၂) ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ဟာဆိုရင်တော့ ဦးရေပြားယားယံခြင်းကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပြီး ဦးရေပြားကို သန့်ရှင်းစေနိုင်ပါတယ်။ ခေါင်းမလျှော်ခင် ပန်းသီးရှာလကာရည်အနည်းငယ်ကို ဂွမ်းစနဲ့ယူပြီး ဦးရေပြားအနှံ့သုတ်လိမ်းပေးခြင်းက မိုးရေကြောင့် ဦးရေပြားယားယံခြင်းကို သက်သာစေနိုင်မှာပါ။
(၃) နှမ်းဆီ
နှမ်းဆီဟာ ဦးရေပြားကို အားဖြည့်ပေးနိုင်တဲ့ သဘာဝအဆီတမျိုးဖြစ်ပြီး ခေါင်းမလျှော်ခင် နှမ်းဆီကို အနည်းငယ် အပူပေးပြီး ဦးရေပြားပေါ် လိမ်းကာနှိပ်နယ်ပေးခြင်းက ဆံသားကျန်းမာရေးပြဿနာတွေနဲ့ မိုးရာသီမှာဖြစ်တတ်တဲ့ ဦးရေပြားယားယံဗောက်ထခြင်းတွေကို ပျောက်ကင်းစေနိုင်မှာ ဖြစ်ပါတယ်။
(၄) မုန့်ဖုတ်ဆိုဒါ
ခေါင်းကို ရေအနည်းငယ်စွတ်ပြီး မုန့်ဖုတ်ဆိုဒါအနည်းငယ်နဲ့ ဦးရေပြားကို ပွတ်ပေးကာ ၁၀ မိနစ်ခန့်ထားပေးပါ။ ပြီးရင်တော့ ရေနဲ့ဆေးကြောသန့်စင်ပေးပြီး ခေါင်းလျှော်ရည်နဲ့ ပြန်လည်လျှော်ပေးခြင်းက ဦးရေပြားယားယံတာတွေကို သိသိသာသာ သက်သာစေနိုင်မှာဖြစ်ပါတယ်။
Ref. medylife.com
You may also like these stories:
ဆံကေသာ ကျန်းမာရေး ပြဿနာတွေအတွက် ချင်းရဲ့အသုံးဝင်ပုံများ
စိုစွတ်နေတဲ့ ဆံပင်နဲ့ အိပ်စက်တဲ့အခါ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးများ
ခေါင်းလျှော်ရည်ထဲ ဆားအနည်းငယ် ထည့်လျှော်ပေးရုံနဲ့ ရရှိနိုင်မယ့် ကောင်းကျိုးများ
ဆံကေသာကျန်းမာရေးအတွက် ကြက်ဟင်းခါးသီးရဲ့ အသုံးဝင်ပုံ ၅ ချက်