ဝိုင်သောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိတာကြောင့် အမျိုးသမီးတွေအနေနဲ့ တနေ့ကို ဝိုင်တခွက်ခန့် ပုံမှန်သောက်သုံးပေးသင့်ပါတယ်။ အိမ်မှာပြုလုပ်တဲ့ ဝိုင်တွေကတော့ တစေးပါဝင်မှုမရှိတာရယ်၊ ဝိုင်ဖောက်တဲ့အခါ အချိန်သိပ်မကြာတာရယ်ကြောင့် အယ်လ်ကိုဟော ပါဝင်မှုနည်းပါးပြီး ကျန်းမာရေးနဲ့ ပိုမိုသင့်တော်ပါတယ်။
အခုဖော်ပြပေးမှာကတော့ ချိုမြတဲ့အရသာရှိတဲ့ ပန်းသီးဝိုင်ကို အိမ်မှာအလွယ်တကူ ပြုလုပ်နိုင်မယ့် နည်းလမ်းကောင်းကို ဖော်ပြပေးသွားမှာပါ။
ပန်းသီးဝိုင်ပြုလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ပန်းသီး၊ သကြား၊ ရေနွေးနဲ့ လေလုံတဲ့ ဖန်ဘူးခပ်ကြီးကြီးတလုံးတို့ပဲ ဖြစ်ပါတယ်။ ဝိုင်ပြုလုပ်ဖို့အတွက် အချိုးအစားကတော့ ပန်းသီး၂ဆကို သကြား၁ဆ ဖြစ်တဲ့အတွက် ပန်းသီးကို မိမိနှစ်သက်သလို အရေအတွက်အတိုင်း အသုံးပြုနိုင်ပါတယ်။
ပထမဦးဆုံးအနေနဲ့ ပန်းသီးတွေကို အညှာခြွေကာ ရေပြောင်အောင်ဆေးပြီး ရေခြောက်အောင် ပြုလုပ်ထားပေးပါ။ ပြီးရင်တော့ ပန်းသီးတွေကို အလုံးလိုက်စိမ်မယ်ဆိုရင် ခက်ရင်းနဲ့ လေးငါးချက်ခန့်ထိုးပေးနိုင်သလို ပန်းသီးကို မထူမပါးအရွယ်လှီးပြီးလည်း စိမ်နိုင်ပါတယ်။
လှီးထားတဲ့ ဒါမှမဟုတ် ခက်ရင်းနဲ့ထိုးပြီးသား ပန်းသီးတွေကိုသကြားနဲ့ရောပြီး ဝိုင်စိမ်မယ့် ဖန်ဘူးခပ်ကြီးကြီးထဲကို ထည့်ထားပါ။ ရေနွေးကို ပန်းသီးနဲ့သကြားရောထည့်ထားတဲ့ ဖန်ဘူးထဲကို အသီးမြုပ်ရုံ ဖြည်းဖြည်းချင်း လောင်းထည့်ပြီး ဘူးအဖုံးကို လုံအောင်ပိတ်ကာ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့နိုင်တဲ့ နေရာမှာ ရက်ပေါင်း ၅၀ ခန့်ထားပေးရမှာ ဖြစ်ပါတယ်။
ရက်ပေါင်း ၅၀ မပြည့်မချင်း အဖုံးကို မဖွင့်ရပါဘူး။ အဖုံးလေမလုံတဲ့အခါ အပြင်ကလေတွေဝင်ပြီး မှိုတက်နိုင်တာကြောင့် ဒီအချက်ကိုတော့ သတိထားရပါမယ်။ ရက်ပေါင်း ၅၀ ပြည့်သွားပြီဆိုရင်တော့ ပန်းသီးတွေကို ဆယ်ပြီး အရည်တွေကိုတော့ ရေစစ်နဲ့စစ်ကာ သန့်ရှင်းပြီး လေလုံတဲ့ ဖန်ပုလင်းထဲကို ထည့်ပေးရမှာပဲ ဖြစ်ပါတယ်။
ဒီအဆင့်ရောက်ရင်တော့ ချိုမွှေးပြီး အရသာရှိတဲ့ ပန်းသီးဝိုင်ကို စတင်သောက်သုံးနိုင်ပြီ ဖြစ်သလို နောက်ထပ် ၇ ရက်လောက် အခန်းအပူချိန်မှာထားပြီးမှ သောက်သုံးမယ်ဆိုရင်တော့ ပိုပြီး အရသာရှိနေမှာ ဖြစ်ပါတယ်။
Ref. delishably.com
You may also like these stories:
အရိုးအဆစ် ကိုက်ခဲခြင်းကို သက်သာစေမယ့် အရည်များ
မတော်တဆတီထွင်မှုတွေကနေ လူကြိုက်များလာခဲ့ကြတဲ့ အစားအစာများ
အိမ်မှာအလွယ်တကူ ဖျော်စပ်သောက်သုံးနိုင်မယ့် ကော့တေးများ
ညစာစားတဲ့အခါ ဝိုင်နီတခွက် တွဲသောက်ခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးများ
အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်တဲ့ နိုင်ငံတကာ အစားအစာများ
ကယန်းခေါင်ရည်သို့ ဂုဏ်ပြုခြင်း