အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေထဲမှာ ဆီးကျောက်တည်ခြင်းလည်း တခုအပါအဝင် ဖြစ်ပါတယ်။ ဆီးထဲမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေကို ကျောက်ကပ်က မချေဖျက်နိုင်တဲ့အခါ အချိန်ကြာလာတာနဲ့အမျှ ကျောက်ခဲစငယ်တွေလို ပြောင်းလဲပြီး ဆီးကျောက်တည်ခြင်းကို ဖြစ်ပေါ်စေတာပါ။
ဆီးကျောက်တည်တဲ့အခါ ဆီးအရောင်တွေဟာ နီရဲလာမယ်၊ ဆီးသွားတဲ့အခါ နာကျင်ပြီး ဆီးသွားရခက်မယ် စတာတွေကို ခံစားရနိုင်တာကြောင့် ဆီးကျောက်တည်ခြင်းကို ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းတချို့ကို ပြန်လည် မျှဝေပေးချင်ပါတယ်။
(၁) ရေများများ သောက်ပါ
ကျောက်ကပ်အပါအဝင် တခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပုံမှန် လည်ပတ်နိုင်စေဖို့ ရေများများ သောက်ပေးဖို့ လိုအပ်ပါတယ်။ ရေသောက်နည်းတဲ့အခါ ဆီးအရောင်ရင့်ပြီး ဆီးမှာ အနည်ပါတာမျိုး ဖြစ်စေနိုင်တာကြောင့် ရေများများ သောက်ပေးသင့်ပါတယ်။
(၂) အငန် လျှော့စားပါ
အငန်ဓာတ် ပါဝင်မှုများတဲ့ အစားအစာတွေဟာ ကိုယ်တွင်း ရေဓာတ်ကို ခမ်းခြောက်စေပြီး ဆီးကျောက်တည်နိုင်ခြေကို မြင့်တက်စေနိုင်တာကြောင့် အငန်ဓာတ်ကို လျှော့စားပေးသင့်ပါတယ်။
(၃) အသားလျှော့စားပါ
အသီးအနှံတွေမှာ ပါတဲ့ ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ်ကို ဆိုးကျိုးတွေ မဖြစ်ပေါ်စေပေမယ့် အသားတွေမှာပါတဲ့ ပရိုတင်းဓာတ်တွေကတော့ များများစားသုံးတဲ့အခါ Urine Acid ကို မြင့်တက်စေပြီး ဆီးကျောက်တည်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၄) ဗီတာမင်စီ ဖြည့်စွက်ဆေးဝါးတွေကို မလိုအပ်ဘဲ မသောက်သုံးပါနဲ့
၂၀၁၃ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရ အစားအစာတွေကနေ ရတဲ့ ဗီတာမင်စီ ဓာတ်ဟာ ဆီးကျောက်တည်ခြင်းကို မဖြစ်ပေါ်စေနိုင်ပေမယ့် ဗီတာမင်စီ ဖြည့်စွက်ဆေးဝါးတွေဟာ ဆီးကျောက်တည်နိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ သိရပါတယ်။
Ref. www.healthline.com
You may also like these stories:
သွေးပေါင်ကျတတ်သူတွေ သတိထားသင့်တဲ့ အချက် ၅ ချက်
ဆီးကျောက်တည်ရောဂါ မဖြစ်အောင် ကာကွယ်ရမယ့် အချက်များ
ဗီတာမင်စီနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ