Health

ဆေးလိပ် မသောက်ဘဲ အဆုတ်ကင်ဆာ ဖြစ်စေတဲ့ အကြောင်းရင်းများ

Want create site? Find Free WordPress Themes and plugins.

အဆုတ်ကင်ဆာဟာ ဖြစ်ပွားမှုအများဆုံး ကင်ဆာရောဂါ တမျိုးဖြစ်ပြီး ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာ ဖြစ်ပွားရတဲ့ အဓိက အကြောင်းရင်းတခု ဖြစ်ပါတယ်။ ဒါပေမဲ့ အဆုတ်ကင်ဆာ ဖြစ်ပွားတဲ့ ၂၀ ရာခိုင်နှုန်းသော လူတွေဟာ ဆေးလိပ်သောက်သုံးသူတွေ မဟုတ်ကြပါဘူး။ ဆေးလိပ်ကို ရေရှည်စွဲမြဲစွာ သောက်သုံးသူတွေ မဟုတ်ဘဲ ဘာကြောင့် အဆုတ်ကင်ဆာ ဖြစ်ပွားရလဲဆိုတဲ့ အကြောင်းရင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ဆေးလိပ်ငွေ့ကို တဆင့်ခံ ရှူရှိူက်ရခြင်း

ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာ ဖြစ်စေတဲ့ အဓိကအကြောင်းရင်း ဖြစ်ပေမယ့် တဆင့်ခံ ဆေးလိပ်ငွေ့ ရှူရသူတွေဟာလည်း အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဆေးလိပ်ငွေ့ထဲမှာ ပါဝင်တဲ့ အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတုပစ္စည်းအမျိုးပေါင်း ၇၀ ကျော်ခန့်ဟာ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ မြင့်တက်စေတာကြောင့် ကိုယ်တိုင် ဆေးလိပ် မသောက်သုံးပေမယ့် ဆေးလိပ်ငွေ့တွေ ရှူရှိူက်နေရမယ်ဆိုရင်လည်း အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ပါတယ်။

(၂) အဆုတ်ကင်ဆာ မျိုးရိုးရှိခြင်း

ဆေးလိပ်သောက်သူတိုင်းလည်း အဆုတ်ကင်ဆာ မဖြစ်ပွားကြသလို ဆေးလိပ် မသောက်သူတိုင်းလည်း အဆုတ်ကင်ဆာ မဖြစ်ပွားနိုင်ဘူးလို့ တပ်အပ် မပြောနိုင်တာဟာ မျိုးရိုးဗီဇကြောင့် ဖြစ်ပါတယ်။ လေ့လာမှုတွေအရ မိဘမျိုးရိုးမှာ အဆုတ်ကင်ဆာ ဖြစ်ပွားဖူးရင် ဆေးလိပ်သောက်သည်ဖြစ်စေ၊ မသောက်သည်ဖြစ်စေ ကြိုတင် သတိပြုရမှာပဲ ဖြစ်ပါတယ်။

(၃) လေထုညစ်ညမ်းမှု

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ထုတ်ပြန်ချက်အရ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူ ၅ သန်းခန့်ဟာ အဆုတ်ကင်ဆာရောဂါကို ခံစားနေရတယ်လို့ ဆိုပါတယ်။ ပတ်ဝန်းကျင် လေထုထဲက ဖုန်မှုန့်တွေ၊ မီးခိုးငွေ့တွေဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေအပြင် အဆုတ်ကင်ဆာ ဖြစ်ပွားမှုကိုလည်း မြင့်တက်စေနိုင်ပါတယ်။

(၄) ရေဒီယိုသတ္တိကြွ ဓာတ်ငွေ့များနဲ့ ထိတွေ့ရခြင်း

Radon လို့ခေါ်တဲ့ ရေဒီယိုသတ္တိကြွ ဓာတ်ငွေ့တွေနဲ့ ထိတွေ့ ရှူရှိုက်ရသူတွေမှာလည်း အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေရှိပြီး မိုင်းတွင်းလုပ်သားတွေ၊ သတ္တုတူးဖော်ရေးသမားတွေဟာ Radon နဲ့ ထိတွေ့မှု များတာကြောင့် အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်တာ ဖြစ်ပါတယ်။

Ref. medicinenet.com

Did you find apk for android? You can find new Free Android Games and apps.
Loading