ဂရိခေတ်ကတည်းက တည်ရှိလာတဲ့ Bra ဝတ်ဆင်ခြင်း ယဉ်ကျေးမှုကြောင့် ယနေ့ခေတ်မှာ အမျိုးသမီးတိုင်းနီးပါး Bra ကို ဝတ်ဆင်နေပြီ ဖြစ်ပါတယ်။ အပြင်ထွက်တဲ့ အခါတွေမှာ Bra ဝတ်ထားရပြီး အိမ်ရောက်လို့ အဝတ်လဲတဲ့ အခါမျိုးမှာ ရရှိတဲ့ လွတ်လပ်မှုကို အမျိုးသမီးတွေသာ နားလည်နိုင်ပါလိမ့်မယ်။ တင်းကြပ်တဲ့ Bra တွေကို ဝတ်ဆင်မှုမျိုးကြောင့် ခန္ဓာကိုယ်မှာ အနီရောင် ဒဏ်တွေဖြစ်လေ့ ရှိပါတယ်။
ဒါကြောင့် ဒီတခါမှာ Bra မဝတ်ဘဲ နေခြင်းရဲ့ ကောင်းကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) သွေးလည်ပတ်မှု ကောင်းခြင်း
လူတိုင်းဟာ သက်သောင့်သက်သာဖြစ်တဲ့ အဝတ်မျိုးကို နှစ်သက်ကြပါတယ်။ ဒါပေမဲ့ Bra တွေကတော့ ရင်သားကို တင်းကြပ်စွာ ချည်နှောင်လေ့ ရှိပါတယ်။ ဒီလို ချည်နှောင်ထားတာကြောင့် သွေးလည်ပတ် စီးဆင်းမှုကို နှေးကွေးသွားစေပြီး အပြင်သွားတဲ့ အခါမျိုးမှာ မဖြစ်မနေ ဝတ်ရရင်တောင် အိမ်မှာ နေတဲ့ အချိန်တွေဆို Bra မဝတ်ဘဲ နေထိုင်သင့်ပါတယ်။
(၂) ကောင်းမွန်စွာ အိပ်ပျော်ခြင်း
Bra ဝတ်ထားပြီး အိပ်စက်တာဟာ ကျန်းမာရေးအတွက် လုံးဝ မကောင်းပါဘူး။ Bra ဝတ်ပြီး အိပ်စက်ခြင်းဟာ သင့်ရဲ့ ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တွေကို ကသောင်းကနင်း ဖြစ်စေတာကြောင့် Bra ချွတ်ပြီး အိပ်စက်ဖို့ ကျွမ်းကျင်ပညာရှင်တွေက အကြံပေးထားပါတယ်။
(၃) ရင်သားကို လန်းဆန်းစေခြင်း
အမျိုးသမီးများရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ၁၅ နှစ်ကြာ လေ့လာခဲ့တဲ့ ပါမောက္ခ Jean-Denis Rouillon ရဲ့ လေ့လာချက်တွေ အရ Bra ဝတ်ဆင်ခြင်း မရှိတဲ့ အမျိုးသမီးတွေရဲ့ ရင်သားဟာ Bra ဝတ်ဆင်သူတွေထက် ပိုပြီး လန်းဆန်းမှုရှိပြီး သန်မာတယ်လို့ သိရပါတယ်။ အလားတူ လေ့လာချက်မျိုးကို ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့အခါ တူညီတဲ့ အဖြေကိုပဲ ရရှိခဲ့ပါသေးတယ်။
(၄) ရောဂါဖြစ်နိုင်ချေ နည်းပါးခြင်း
Bra ဝတ်ဆင်တဲ့အခါမှာ ချွေးနဲ့ အညစ်အကြေးတွေဟာ ခန္ဓာကိုယ်မှာ ထင်ထားတာထက် ပိုပြီး အချိန်ကြာကြာ ရှိနေတတ်ပါတယ်။ အဲဒါကြောင့် ဘက်တီးရီယားနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ သင်ဝတ်ဆင်တဲ့ Bra ကြောင့် ရင်သားကင်ဆာ စတဲ့ ရင်သားနဲ့ ဆက်စပ်တဲ့ ရောဂါတွေလည်း ဖြစ်နိုင်တာကြောင့် တတ်နိုင်သလောက် Bra ဝတ်ဆင်ချိန်ကို လျော့ချဖို့ တိုက်တွန်းချင်ပါတယ်။
Ref. Brightside
You may also like these stories:
ကိုယ်လုံးတီး အိပ်သင့်တဲ့ အချက် ၅ ချက်
ကမ္ဘာ့ တန်ဖိုးအကြီးဆုံး အပြိုင်အဆိုင် ဘရာစီယာများ
အတွင်းခံ ဘရာစီယာ မဝတ်ဘဲ ပရိသတ်ရှေ့မှောက် ထွက်ခဲ့ကြတဲ့ ဟောလိဝုဒ် အနုပညာရှင်များ
လျှော်ဖို့ မလိုတဲ့ အတွင်းခံ ဘောင်းဘီတွေကို ထုတ်လုပ်လိုက်တဲ့ Organic Basics ကုမ္ပဏီ