(၁) ဗီတာမင်အေဓာတ် များလွန်းခြင်း
အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ သဘာဝ ဗီတာမင်အေဓာတ်ဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းကျိုးတွေ ဖြစ်ပေါ်စေပေမယ့် ဗီတာမင်အေအားဖြည့်ဆေးတွေ သောက်သုံးမယ်ဆိုရင်တော့ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်ပါတယ်။ ခန္ဓာကိုယ်မှာ ဗီတာမင်အေဓာတ် လွန်ကဲခြင်းဟာ အသည်းကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အကြောင်းရင်းတွေထဲက တခုဖြစ်ပါတယ်။
(၂) သကြားစားသုံးမှုများခြင်း
အသည်းဟာ ပုံမှန်အလုပ်လုပ်ဖို့ Fructose လို့ခေါ်တဲ့ သကြားဓာတ်ကို အသုံးပြုရပေမယ့် လိုအပ်တာထက် ပိုများနေရင်တော့ အသည်းကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ သကြားစားသုံးမှုများခြင်းဟာ အရက်သောက်သုံးခြင်း ကြောင့် အသည်းပျက်စီးနိုင်သလိုမျိုး ပျက်စီးစေနိုင်တယ်လို့ သိရပါတယ်။
(၃) အားဖြည့်ဆေးများသောက်သုံးခြင်း
ဈေးကွက်ထဲမှာ သဘာဝအားဖြည့်ဆေးတွေဟာ တံဆိပ်အမျိုးမျိုးနဲ့ ရောင်းချနေကြပေမယ့် သဘာဝဆေးဖက်ဝင် ပစ္စည်းစစ်စစ်တွေ ပါဝင်မှုကတော့ နည်းပါးလှတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ တချို့သော ဆေးဖက်ဝင် ပစ္စည်းတွေဟာ ဆိုရင်တော့ အသည်းကိုပါ ထိခိုက်စေနိုင်တာကြောင့် မိမိသဘောနဲ့မိမိ မသောက်သုံးသင့်ပါဘူး။
(၄) ကိုယ်အလေးချိန်များခြင်း
ခန္ဓာကိုယ်အလေးချိန်များလွန်းခြင်းဟာ အသည်းအဆီဖုံးခြင်းအပါအဝင် အသည်းကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကိုယ်တွင်းက အဆီပိုတွေဟာ အသည်းဆဲလ်တွေကို ဖုံးအုပ်မိပြီး ထိခိုက်စေနိုင်တာကြောင့် ကိုယ်အလေးချိန်မျှတအောင် နေထိုင်စားသောက်သင့်ပါတယ်။
(၅) ဆိုဒါအချိုရည်များ သောက်သုံးခြင်း
သကြားစားသုံးမှုများခြင်းလိုပဲ ဆိုဒါပါဝင်မှုများတဲ့ အချိုရည်တွေကို သောက်သုံးခြင်းဟာ ကိုယ်တွင်းအဆီဓာတ်ကို များလာစေပြီး အသည်းကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
Ref. hawthornesc.com
You may also like these stories:
သင့်ရဲ့ အသည်းကို မသိမသာ ပျက်စီးစေတဲ့ အရာများ
အသည်းရောဂါဖြစ်ပွားနေပြီဆိုတဲ့ လက္ခဏာများ
ငရုတ်သီး၊ မြေပဲနဲ့ ပြောင်းဖူးတို့မှာ တွေ့ရတဲ့ Aflatoxin မှိုရဲ့ ကျန်းမာရေး အန္တရာယ်