သကြားညိုဟာ သကြားအဖြူတွေလိုမျိုး ဓာတုပစ္စည်းတွေ သုံးပြီး အထပ်ထပ်သန့်စင်ထားခြင်းမရှိတာကြောင့် ကျန်းမာရေးအတွက်လည်း သင့်တော်သလို အသားအရေအလှအပအတွက်လည်း အသုံးဝင်ပါတယ်။ သကြားညိုကို ပုံမှန်အသုံးပြုပေးမယ်ဆိုရင် အသားအရေ ကြည်လင်သန့်စင်စေနိုင်တာကြောင့် အသားအရေအတွက် သကြားညိုရဲ့ အသုံးပြုပုံတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) သကြားညိုနဲ့ကော်ဖီမှုန့်
သကြားညို၁ဇွန်း၊ ကော်ဖီမှုန့်စစ်စစ် ၁ဇွန်းနဲ့ အုန်းဆီအနည်းငယ်တို့ကို ရောစပ်ပြီး အသားအရေပေါ် လိမ်းကျံနှိပ်နယ်ပေးပါ။ ၁၅ မိနစ်ခန့်ကြာရင်တော့ ရေနဲ့ပြန်လည်ဆေးကြောပေးပါ။ ဒီနည်းလမ်းအတိုင်း ပြုလုပ်ပေးခြင်းဟာ နေလောင်ထားတဲ့ အသားအရေတွေကို ပြန်လည်ဖြူဝင်းလာစေမှာ ဖြစ်တဲ့အပြင် အမာရွတ်နဲ့ အကြောပြတ်ရာတွေကို လျော့ပါးသက်သာစေမှာ ဖြစ်ပါတယ်။
(၂) သကြားညိုနဲ့ ပျားရည်
သကြားညို၁ဇွန်း၊ ပျားရည်၁ဇွန်းနဲ့ သံလွင်ဆီအနည်းငယ်တို့ကို ရောစပ်ပြီး ခပ်ပျစ်ပျစ် အနေအထားရအောင် မွှေပေးပါ။ ပြီးရင်တော့ မျက်နှာအသားအရေပေါ်ကို သေချာပွတ်လိမ်းပေးပြီး ၁၀ မိနစ်ခန့်ထားကာ ရေဆေးချပေးပါ။ ဒီနည်းလမ်းဟာဆိုရင်တော့ မျက်နှာပေါ်က ဝက်ခြံ၊ အဆီဖုနဲ့ ဆားဝက်ခြံတွေကို ဖယ်ရှားပေးနိုင်တာကြောင့် တပတ်မှာ ၂ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။
(၃) သကြားညိုနဲ့ သံလွင်ဆီ
ဒီနည်းလမ်းဟာဆိုရင်တော့ အသားအရေ မွဲခြောက်ကြမ်းတမ်းသူတွေ တပတ်မှာ ၂ ကြိမ်ခန့် ပြုလုပ်ပေးသင့်တဲ့ နည်းလမ်းတခုပါ။ သကြားညို၁ဇွန်းနဲ့ သံလွင်ဆီ၁ဇွန်းတို့ကို ဆတူရောစပ်ကာ အသားအရေပေါ်လိမ်းကျံပေးပြီး ၁၅ မိနစ်ခန့်ကြာရင်တော့ ရေနဲ့ပြန်လည်ဆေးကြောသန့်စင်ပေးရမှာ ဖြစ်ပါတယ်။
(၄) သကြားညိုနဲ့ပန်းသီးရှာလကာရည်
ဒီနည်းလမ်းကတော့ မျက်နှာအသားအရေ အဆီပြန်ပြီး မကြာခဏ အဆီဖုထတတ်သူတွေအတွက်ပါ။ သကြားညို၁ဇွန်းနဲ့ ပန်းသီးရှာလကာရည်ဇွန်းဝက်ခန့်ကို ရောစပ်ကာ အသားအရေပေါ်လိမ်းကျံပေးပါ။ ၁၀ မိနစ်ခန့်ကြာရင်တော့ ရေနဲ့သေချာပြန်လည်ဆေးကြောပေးရမှာ ဖြစ်ပါတယ်။
Ref. www.stylecraze.com
You may also like these stories:
စားသောက်မှုပုံစံ မှားယွင်းနေကြောင်း အသားအရေက သတိပေးနေတဲ့ လက္ခဏာများ
အသားအရေအလှအပအတွက် အသုံးဝင်တဲ့ မြင်းခွာရွက်