Health

နေ့စဉ် အသင့်စား အစာအစားတွေ စားခဲ့လို့ မျက်စိကွယ်ခဲ့ရတဲ့ ဆယ်ကျော်သက်တဦး

Want create site? Find Free WordPress Themes and plugins.

အသင့်စား အစားအစာတွေဟာ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတဲ့ အချက်ကို နောက်ထပ် ဖြစ်ရပ်တခုက သက်သေပြလိုက်ပြန်ပါပြီ။ ယူကေနိုင်ငံက ဆယ်ကျော်သက်တဦးဟာ နှစ်ပေါင်းများစွာ အသင့်စားအစားအစာတွေစားခြင်းရဲ့ အကျိုးဆက်အဖြစ် မျက်လုံးကွယ်ခဲ့ရတယ်လို့ လေ့လာချက်အသစ်တရပ်မှာ ဖော်ပြထားပါတယ်။

အလွန်ဇီဇာကြောင်တဲ့ ကောင်လေးတယောက်လို့ သုံးနှုန်းဖော်ပြထားပြီး သူဟာ နှစ်ပေါင်းများစွာ အာလူး ချောင်းကြော်၊ ပေါင်မုန့်အဖြူ၊ အသားပြားနဲ့ ဝက်အူချောင်းတွေကိုပဲ အဓိကထား စားသောက်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အသင့်စားအစားအစာတွေကို အမြဲမပျက် စားသုံးလာတာကြောင့် အာဟာရ မမျှတဘဲ အမြင်အာရုံကြော စနစ်ချို့ယွင်းသွားတာကြောင့် မျက်စိကွယ်သွားတာဖြစ်ပြီး ပြန်လည်ကုသနိုင်ဖို့ အခွင့်ရေးနည်းပါးနေပြီလို့ ဆို ပါတယ်။

သူဟာ အသက် ၁၄ နှစ်အရွယ်မှာ ပင်ပန်းနွမ်းနယ်နေတာကြောင့် ပထမဆုံးအကြိမ် ဆရာဝန်ဆီသွားရောက် ပြသခဲ့တုန်းက အရပ်အမောင်းနဲ့ ကိုယ်အလေးချိန် ပုံမှန်ဖြစ်သလို အာဟာရချို့တဲ့တာမျိုး မတွေ့ခဲ့ရဘူးလို့ University of Bristol က ဆိုပါတယ်။ ဗီတာမင် B12 ချို့တဲ့နေတာကို အားဆေးပေးခဲ့ပြီး သူ့ရဲ့ နေထိုင်စားသောက်မှု ပုံစံ မမှန်တာကို ပိုကောင်းလာအောင် အကြံပေးကုသတာမျိုး မလုပ်ပေးခဲ့ဘူးလို့ သိရပါတယ်။

ဒါကြောင့် ဆယ်ကျော်သက်ကောင်လေးဟာ တနှစ်ကျော်အကြာမှာ အကြားအာရုံ ပျောက်ဆုံးသွားပြီး အမြင်အာရုံလည်း ချို့တဲ့ခဲ့ပါတယ်။

ဆယ်ကျော်သက်ကောင်လေးကို ကုသပေးနေတဲ့ ဆရာဝန်တွေထဲက တယောက်ဖြစ်တဲ့ ဒေါက်တာ Denize Atan က “သူနေ့တိုင်း အစားများတာ အသင့်စားဆိုင်တွေက အကြော်တွေပဲ။ နောက်ထပ် စားတာဆိုရင်တော့ ပေါင်မုန့်အဖြူနဲ့ အသားပြားရယ်၊ မဟုတ်လည်း အာလူးကြော်တွေ စားလေ့ရှိတယ်။ အသီးအရွက်နဲ့ အသီးနှံတွေဆို မစားသလောက်ပဲ”လို့ ပြောပါတယ်။

ရောဂါစမ်းသပ်မှုတွေအရ အဆိုပါ ဆယ်ကျော်သက်ကောင်လေးဟာ ဗီတာမင် B12 ချို့တဲ့နေသလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း အားနည်းနေပါတယ်။

ဆက်လက်ပြီး ဒေါက်တာ Atan က “ဒီလို အဖြစ်အပျက်မျိုးကနေ အစာရွေးတဲ့ ကလေး မိဘတွေ သတိပြုသင့်ပါတယ်။ အစားရွေးတဲ့ ကလေးကို သူစားချင်တာပဲ ကျွေးနေတာထက် အာဟာရမျှတတဲ့ အစားအစာတွေ စားချင်လာအောင် ဂရုတစိုက် သေချာစိစစ် ကျွေးရပါမယ်။ တနေ့တမျိုး မရိုးရအောင် အရသာသစ် တမျိုး၊ နှစ်မျိုးလောက် ပါအောင် ကျွေးသင့်တယ်”လို့ အကြံပြုထားပါတယ်။

Ref: Channel News Asia

Did you find apk for android? You can find new Free Android Games and apps.
Loading